'မမေ့နိုင်တဲ့ ခရီး' - ၁၈ နှစ်အကြာမှာ ဘာကာကနေ ထွက်ခွာတော့မယ့် ဘူးစကွက်စ်

'မမေ့နိုင်တဲ့ ခရီး' - ၁၈ နှစ်အကြာမှာ ဘာကာကနေ ထွက်ခွာတော့မယ့် ဘူးစကွက်စ်

ဆာဂျီယို ဘူးစကွက်စ်က ဘာစီလိုနာမှာ အထင်ကရခေတ်ကို အဆုံးတိုင် သယ်ဆောင်ရင်း သူဟာ ရာသီကုန်မှာ ကလပ်အသင်းနဲ့အတူ ဆယ်စုနှစ် နှစ်ခုနီးပါးကြာ သူရဲ့ “မမေ့နိုင်တဲ့ ခရီး”ကို အဆုံးသတ်မှာဖြစ်တယ်လို့  ပြောပါတယ်။

ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘူးစကွက်စ်ဟာ ဗုဒ္ဓဟူးနေ့က လူမှုမီဒီယာပေါ်မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပါတယ်။

“ဒါဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်မဟုတ်ပေမယ့် အချိန်ကျလာပါပြီ”လို့ အသက် ၃၄ နှစ်အရွယ် ဘူးစကွက်စ်က ဆိုပါတယ်။ "ဒါဟာ ဂုဏ်ယူစရာတစ်ခု၊ အိပ်မက်တစ်ခုဖြစ်ခဲ့ပြီး ဒီကလပ်တံဆိပ်ကို ဝတ်ဆင်နိုင်ခဲ့လို့ ဂုဏ်ယူရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။"

ဘူးစကွက်ဟာ ၂၀၀၅ မှာ ဘာစီလိုနာကို ရောက်ရှိလာခဲ့ပြီး ၁၉ နှစ်အောက်အသင်းမှာ နှစ်ရာသီကစားပြီးနောက် ပက်ဂွာဒီယိုလာက B အသင်းကို နည်းပြခဲ့ပါတယ်။ သူဟာ B အသင်းကို တန်းတက်အောင် ကူညီပေးခဲ့ပြီး နောက်ဆုံးတော့ သူ့ရဲ့ ပထမအသင်းကြီးမှာ ၂၀၀၈ မှာ ပွဲဦးထွက်ကစားခဲ့ပါတယ်။

သူဟာ ဘာစီလိုနာအတွက် ၇၁၈ ပွဲကစားထားပြီး ဇာဗီနဲ့ စံချိန်တင်ထားသူ လီယွန်နယ်မက်ဆီတို့နောက် တတိယမြောက် ပွဲအများဆုံးကစားသူဖြစ်ပါတယ်။ ဘူးစကွက်ဟာ ကာတာလန်ကလပ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်နဲ့ စပိန်လိဂ် ၈ ကြိမ်အပါအဝင် ဆုဖလား ၃၁ လုံး ရရှိထားပါတယ်။

ဘာစီလိုနာက ၅ ပွဲကျန်ရှိနေတာနဲ့အတူ ထိပ်ဆုံးမှာ ၁၃ မှတ်အသာစီးရထားတာကြောင့် သူဟာ သူ့ရဲ့ကစားသမားဘဝနောက်ထပ်လိဂ်ဖလားနဲ့ အဆုံးသတ်တော့မှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အကောင်းဆုံး ခံစစ်ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဘူးစကွက်စ်ဟာ ၁၈ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှုအကြိမ် ၄၀ ပြုလုပ်ထားပါတယ်။

သူဟာ ပြီးခဲ့တဲ့ နှစ်ရာသီက အသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီး မကြာသေးခင်က ကလပ်ရဲ့ ငွေကြေးအခက်အခဲများအတွင်း သူတို့ရဲ့လစာဖြတ်တောက်မှုကို လက်ခံဖို့ ရွေးချယ်ခဲ့တဲ့ ဝါရင့်ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

“ကျနော် ငယ်ငယ်လေးကတည်းက ပွဲတွေကို လာကြည့်တာ ဒါမှမဟုတ် သူတို့ကို တီဗီကြည့်တာ မမေ့နိုင်တဲ့ ခရီးတစ်ခုဖြစ်ပြီး ဒီအင်္ကျီနဲ့ ဒီကွင်းမှာ ကစားဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့ပြီး လက်တွေ့က ကျနော့်အိပ်မက်တွေအားလုံးကို ကျော်လွန်သွားခဲ့ပါတယ်”လို့  သူက ဆိုပါတယ်။

ဘူးစကွက်စ်က သူနောက်ထပ်ဘယ်ကိုသွားမလဲဆိုတာ မပြောခဲ့သလို စပိန်သတင်းတွေက ဆော်ဒီအာရေးဗီးယားမှာ အသင်းပြောင်းဖွယ်ရှိတယ်လို့ အကြံပြုထားပါတယ်။

သူဟာ ၂၀၁၀ မှာ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား၊ ၂၀၁၂ မှာ ဥရောပချန်ပီယံရှစ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒီဇင်ဘာလက နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူချိန်အထိ ၁၅ နှစ်နီးပါး နိုင်ငံအသင်းမှာ အဓိက ကစားသမားဖြစ်ခဲ့ပါတယ်။

Ref; Aljazeera

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly