မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ်အရေးယူ ဒဏ်ခတ်ပိတ်ဆို့တာတွေ ထပ်တိုးချမှတ်ဖို့ ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင် နိုင်ငံတွေက ထပ်မံတောင်းဆိုလိုက်ပါတယ်။
မြန်မာနဲ့အတူ အယ်လ်ဂျီးယားနဲ့ ဘဲလာရုစ်နိုင်ငံ တို့ရဲ့လူ့အခွင့်အရေး လေးစားလိုက်နာမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ဥရောပပါလီမန်အတွင်း မဲခွဲအတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒီဆုံးဖြတ်ချက်ထဲမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ ဆက်စပ်စီးပွားရေးလုပ်ငန်းတွေကို ထပ်တိုးဒဏ်ခတ်ဖို့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
ဥရောပပါလီမန်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၄၅၄ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေ ၃၉ မဲနဲ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။