တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများ ပြံုယမ်းဆန့်ကျင်ရေးစာရွက်များ မြောက်ကိုရီးယားနိုင်ငံထဲ ကြဲချ

တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများ ပြံုယမ်းဆန့်ကျင်ရေးစာရွက်များ မြောက်ကိုရီးယားနိုင်ငံထဲ ကြဲချ

ပါဂျူး၊ မတ် ၂၆ ။               ။ တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေစဉ် တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများသည် ပြုံယမ်းဆန့်ကျင်ရေးစာရွက် ထောင်ပေါင်း များစွာကို မြောက်ကိုရီးယားနိုင်ငံထဲသို့ ကြဲချခဲ့သည်။

ယင်းသို့ကြဲချခြင်းမှာ ဝါဒဖြန့်ချိရေးလက်နက်တစ်ခုကို အသုံးပြုခြင်းဖြစ်ပြီး ထုံးစံအားဖြင့် မြောက်ကိုရီးယားဘက်မှ လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိသည်။

မြောက်ကိုရီးယားဘက်မှ ဘက်ပြောင်းလာသူများစွာအပါအဝင် ရှေးရိုးစွဲတက်ကြွလှုပ်ရှားသူများသည်  ကြီးမားသည့်ဓါတ်ငွေ့ဖြည့် မိုးပျံပူပေါင်းများသုံးလျက် ဝါဒဖြန့်ချရေးစာရွက်များ ကြဲချနေသည်မှာ နှစ်များစွာ ကြာမြင့်နေပြီဖြစ်သည်။

ဘက်ပြောင်းသူမှ တက်ကြွလှုပ်ရှားသူဖြစ်လာသည့် ပတ်ဆန်ဟက်နှင့် ၎င်းအပေါင်းအပါများသည် မြောက်ကိုရီးယားနယ်စပ်အနီး ပါဂျူးအနားမှနေ၍ စာရွက်ပေါင်း ၅၀,၀၀၀ခန့်ကိုကြီးမားသည့် မိုးပျံပူပေါင်းသုံးလုံးတွင် ချည်နှောင်၍ မြောက်ကိုရီးယားနယ်ထဲသို့ ပို့လွှတ်ခဲ့ကြသည်။

မိုးပျံပူပေါင်းတစ်လုံးတွင် နျူကလီးယားရူး ရူးနေတဲ့ ကင်ဂျုံအန်အပေါ် မီးမုန်တိုင်းကြီးပြုတ်ကျပါစေ ဟု ရေးထားသည့် စာပါသည်။

"ကျွန်တော်တို့ မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုတွေကို ရှုတ်ချတဲ့ စာရွက် ၁၀ သန်းကို လာမဲ့သုံးလအတွင်း မြောက်ကိုရီးယားနိုင်ငံထဲ ကြဲချဖို့ စီစဉ်ထားပါတယ်"ဟု ပတ်က သတင်းထောက်များကို ပြောသည်။ ၂၀၁၄အောက်တိုဘာက မြောက်ကိုရီးယားနယ်ခြားစောင့်တပ်များက မိုးပျံပူပေါင်းများကို ပစ်ချရန် ကြိုးပမ်းခဲ့ရာမှ နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မှုအချို့ ဖြစ်ခဲ့သေးသည်။

ပတ်နှင့် အခြားတက်ကြွလှုပ်ရှားသူများသည် နယ်စပ်အနီး နေထိုင်သော ဒေသခံများနှင့် ကုန်သည်တို့၏ ဆန့်ကျင်မှုနှင့်လည်း ရင်ဆိုင်နေရသည်။

မြောက်ကိုရီးယား၏ လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုပြုလုပ်ပြီးကတည်းက တောင်ကိုရီးယားသည် ကေပေါ့နှင့် ဝါဒဖြန့်ချိမှု ရောကာ နယ်စပ်မှ အသံချဲ့စက်ကြီးများဖြင့် ဖွင့်ကာ တုံ့ပြန်သည်။
မြောက်ကိုရီးယားကလည်း ၎င်းတို့၏ ဝါဒဖြန့်ချိရေးစာရွက်များကို နယ်စပ်ပေါ်မှ ကျော်ကာ ပစ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly