ဆီးဂိမ်းပြိုင်ပွဲ ခြင်းလုံးအားကစားနည်းတွင် မြန်မာအမျိုးသား/အမျိုးသမီး အသင်းတို့ ရွှေတံဆိပ်များ ရရှိ

By Peter Matthews
09 May 2023
ဆီးဂိမ်းပြိုင်ပွဲ ခြင်းလုံးအားကစားနည်းတွင် မြန်မာအမျိုးသား/အမျိုးသမီး အသင်းတို့ ရွှေတံဆိပ်များ ရရှိ

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်တွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ စတုတ္ထမြောက်နေ့တွင် မြန်မာက ရိုးရာ ခြင်းလုံး အားကစားနည်းမှ ရွှေတံဆိပ်နှစ်ခု ဆွတ်ခူး ရရှိသည်။ အမျိုးသား ခြင်းလုံးအသင်းက တစ်ခု၊ အမျိုးသမီး ခြင်းလုံးအသင်းက တစ်ခု ရရှိခြင်း ဖြစ်သည်။

ဖနွမ်ပင် အိုလံပစ် အားကစားရုံတွင် ကစားစဉ် မြန်မာအသင်းများသည် အဆိုပါ ရိုးရာ အားကစားနည်းတွင် မြင့်မားသော ကျွမ်းကျင်မှု အရည်အသွေးများ ပြသနိုင်သည့် ၎င်းတို့၏ ဂုဏ်သတင်းအတိုင်း လျော်ညီစွာ ထုတ်ပြနိုင်ခဲ့သည်။ ထို အားကစားနည်းတွင် အသင်းတစ်သင်းအနေဖြင့် အောင်ပွဲရရှိရန် ကြံ့ခိုင်ဖျတ်လတ်မှုနှင့် ဟန်ပန်ကျမှုတို့ လိုအပ်သည်။ 

ခြင်းလုံး ကစားနည်းတွင် ခြောက်ဦးပါ အသင်းတစ်သင်းသည် ကြိမ် သို့မဟုတ် ပလတ်စတစ် အလုံးတစ်လုံးကို အဓိကအားဖြင့် ခြေထောက်ကို အသုံးပြုပြီး ထိန်းရန် အတူတကွ လုပ်ဆောင်ကြရသည်။ ခြင်းလုံးကို အကြိမ်ရေမည်မျှများများ အောင်မြင်စွာ ပေးနိုင်သလဲ ဆိုသည်နှင့် ခက်ခဲသော သို့မဟုတ် ဟန်ပန်ကျသော ရွေ့လျားမှုများ လုပ်ဆောင်မှုအပေါ် မူတည်ပြီး အမှတ်များ ရရှိသည်။

နာရီအချိန်ကို ၁၀ မိနစ်မှ ရေတွက်ပြီး အသင်းများအနေဖြင့် ၎င်းတို့ အစွမ်းကုန် ကစားနိုင်သမျှ ရမှတ်များ ရရှိရန် ကြိုးစားကြသည်။ ဆီးဂိမ်းပြိုင်ပွဲတွင် ၎င်းတို့ကို ပြိုင်ပွဲတစ်ရက်အတွင်း ယင်းကဲ့သို့ ပွဲနှစ်ပွဲ ပေးသည်။

ယနေ့တွင် မြန်မာအမျိုးသမီးအသင်းသည် ရမှတ် ၁၀၁ မှတ် ရရှိပြီး အမျိုးသားအသင်းက ၉၃ မှတ် ရရှိသည်။ ယနေ့ ဆုရရှိမှုများကြောင့် လက်ရှိအချိန်အထိ ဆီးဂိမ်း ပြိုင်ပွဲ၌ မြန်မာ၏ ရွှေတံဆိပ်ဆုများ ရရှိမှု၏ ၂၀ ရာခိုင်နှုန်းကို ခြင်းလုံးအသင်းများက ရရှိထားစေသည်။

အမျိုးသမီး ခြင်းလုံးကစားနည်းတွင် ထိုင်းအသင်းက ငွေတံဆိပ်နှင့် ကမ္ဘောဒီးယားအသင်းက ကြေးတံဆိပ် ရရှိသည်။ အမျိုးသား အသင်းဘက်တွင် လာအိုအသင်းက ငွေ တံဆိပ် ရရှိပြီး ကြေးတံဆိပ်ကို ထိုင်းနှင့် ကမ္ဘောဒီးယားက ပူးတွဲရရှိသည်။

 

အမျိုးသမီး ဘောလီဘောအသင်းအတွက် ကံမကောင်းသည့် နေ့တစ်နေ့

 

တစ်ချိန်တည်းမှာပင် အိုလံပစ် အားကစားရုံ ပင်မခန်းမတွင် မြန်မာအမျိုးသမီး ဘောလီဘောအသင်းသည် လက်ရည်ကောင်းသည့် မလေးရှားအသင်းကို ယှဉ်ကစားရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ မြန်မာအသင်းသည် အထူးသဖြင့် အရပ်အမောင်းကို အသုံးချပြီး ပြိုင်ဘက် ကွင်းဘက်ခြမ်းသို့ ဘောလုံးကို အားကုန်ရိုက်ချတတ်သည့် T.Z Aung (နံပါတ် ၁၇) ထံမှ အပါအဝင် အားကောင်းသည့် အလှည့်များ ရှိခဲ့သော်လည်း ယင်းက မလုံလောက်ခဲ့ဘဲ အဆုံးသတ်တွင် ပွဲငယ်သုံးခုစလုံး၌ ၁၆-၂၄ ၊ ၁၄-၂၅ နှင့် ၁၃-၂၅ တို့ဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာတွင် စစ်အာဏာသိမ်းမှုကြောင့် ဆီးဂိမ်းပြိုင်ပွဲကို သပိတ်မှောက်ရန် အားကစားသမားတချို့၏ ဆုံးဖြတ်ချက်အတွက်သာ မဟုတ်ပါက မြန်မာအသင်းများသည် ပိုမို အားကောင်းနေလိမ့်မည်ဟု လေ့လာစောင့်ကြည့်သူ အများအပြားက ထင်မြင်ယူဆသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly