နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၉ မေ  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၉ မေ  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ရက်သတ္တပတ်အတွင်း မုန်တိုင်းငယ်အဆင့်ကနေ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသအေဂျင်စီက ခန့်မှန်းထားပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီးတော့ စဥ်ဆက်မပြတ်စောင့် ကြည့်နေကာ ပြောင်းလဲမှုများကို အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူကို အသိပေးထုတ်ပြန်ထားသည်။ 

  • စစ်ဘေးရှောင်ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများထံသို့လည်း မုန်တိုင်းသတင်းအခြေအနေများကို စဉ်ဆက် မပြတ်ပေးပို့ကာ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် မြေပြင်တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း NUG ကထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မေလ ၇ ရက်နေ့က တောင်ကြီးမြို့မှာ ဖြစ်ပွားခဲ့သည့် သံတမန် ယာဉ်တန်းတိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချပြီး ယင်းလုပ်ရပ်ကိုမျက်ကွယ်ထားမှာ မဟုတ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက  ထုတ်ပြန်ထားသည်။ 

  • ပြည်ထောင်စုလွတ်တော် အထူးအစည်းအဝေးကို ယမန်နေ့က ပြုလုပ်ခဲ့ရာ အစည်းအဝေးမှာ နိုင်ငံတကာ အသိုက်အဝန်းက အကြမ်းဖက်စစ်ကောင်စီကို ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရေး အတွက် ကိုယ်စားလှယ်များအားလုံး၏  သဘောတူညီချက်ဖြင့် ချမှတ်အတည်ပြုခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကို မေ ၈ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ် ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ရှိ ရွှေဘို ကျောက်မြောင်းလမ်းပိုင်းတွင် ဖြတ်သန်းလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို သုံးကြိမ် တိုက်ခိုက်ခဲ့ရာ အထိအခိုက်ရှိနိုင်ကြောင်း Black Wolf Army PDF ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ မုံရွာမြို့သို့ ဝင်ရောက်သည့် လမ်းဖြစ်သော မုံရွာ - အမြင့်လမ်းပိုင်းကို ဖျက်ဆီးပြီး အပြန်တွင် မိုင်းနှစ်ကြိမ်ဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ကားတစ်စီးပျက်စီးသွားကြောင်း ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (DGF) က မေလ ၉ရက် ယနေ့တွင်ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများ ပူးပေါင်းပြီး အာဏာသိမ်း စစ်တပ်နှင့် အဆက်ဆံမလုပ်ရန် တရုတ်ကို တောင်းဆိုဆန္ဒပြမှု မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများ ပူးပေါင်းပြီး အာဏာသိမ်း စစ်တပ်နှင့် အဆက်ဆံမလုပ်ရန် တရုတ်ကို တောင်းဆိုဆန္ဒပြမှု မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လဝကရုံးဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ကိုဝင်ရောက်တိုက်ခိုက် ခဲ့ရာ တစ်ဦးသေပြီးတစ်ဦးဒဏ်ရာရရှိသွားကြောင်း Golden Eagle Force – Monywa က ထုတ်ပြန်ထား သည်။ 

  • စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီး အုပ်စု ၊ ထန်းတော ဇက်ဆိပ်ရှိ နေအိမ် ၁၂ လုံးကို စစ်ကောင်စီတပ်သားများက မေလ ၈ ရက်နေ့ ညနေပိုင်း ၃ နာရီအချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • ပုလဲမြို့နယ် လူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီနှင့် ဒေသ ပြည်သူများ ပူးပေါင်းကာ ယနေ့ မေလ ၉ ရက်နေ့တွင် ကဗျာဆရာ ခက်သီ ကျဆုံးခြင်း ၂ နှစ်ပြည့်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းကာ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက်စစ်တပ်အမြစ်ပြတ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို ယနေ့ မေ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ 

  • တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို မေလ ၈ ရက် ည၇ နာရီခွဲက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက် တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွား ခဲ့ကြောင်း ဒေသခံများနှင့် PDF ရဲဘော်များထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ယနေ့ မေလ ၉ ရက် နံနက်ပိုင်းက ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ် ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။ 

  • ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဖုန်းဆိုးစုကျေးရွာအုပ်စု၊ ဒန့်ဒလွန်ကျေးရွာ ဘုန်းကြီးကျောင်း အတွင်း သီလရှင်တစ်ပါးဆေးကုသပေးနေသည့်နေရာအား မေလ ၇ ရက် နံနက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့မှ လာရောက်ဖျက်သိမ်းသွားသည်ဟု ဒေသခံများထံမှ သိရသည်။ 

  • ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျောက်ပုံရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်နှင့် ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ် အတွက် အလုပ်လုပ်သူ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။ 

  • မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အကြမ်းဖက်စစ်သားများ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Myingyan District Drone Strike တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်ခဲ့ကြောင်း တကောင်း ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ ၊ နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ် ဦးကပြောသည်။ 

  • မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ မန္တလေးမြို့ရှိ နေအိမ်ရှေ့နှင့် ၎င်း၏ ဆွေမျိုးသားချင်း ခယ်မဖြစ်သူ၏ နေအိမ်ဝန်းထဲတွင် မေလ ၈ ရက်နေ့ ည ၁၀ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။ 

  • မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာရှိသည့် တရုတ်ဂက်စ်ပိုက်လိုင်း ထိန်းချုပ်ရုံကို Natogyi Guerrilla Force (NGF)အဖွဲ့က မေလ ၇ ရက် ည ၈ နာရီမှာ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခဲ့ကြောင်း စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

  • ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ဦးဆောင်ကာ "မီးရှို့ချန် ပီယံ ဖက်ဆစ်တပ်၊ ပြည်သူ့အားနဲ့ အမြစ်ဖြတ်" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအတွက် အမျိူးသားညီညွတ်ရေးအစိုးရ အမျိူးသမီးလူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနမှတစ်ဆင့် ရွှေလူငယ်များအဖွဲ့က လှုဒါန်းပေးသော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲအပါအဝင် အခြေခံ စားနပ်ရိက္ခာများကို ယမန်နေ့ ညနေပိုင်းတွင် ကျေးလက်မြေအဖွဲ့က သွားရောက် ထောက်ပံ့ပေးအပ်ကြသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ပြီးခဲ့သည့် ဧပြီလက ဖြစ်ပွား ခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူး၊ ဗိုလ်မှူးများ အပါအဝင် ၁၀၇ ဦး သေဆုံးခဲ့ကြောင်း မေလ ၇ ရက်နေ့တွင် KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။ 

  • ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီက မတ်လနှင့် ဧပြီလ ၂ လအတွင်း တိုက်လေယာဉ်ဖြင့် ဗုံးအလုံး စုစုပေါင်း ၁၂၁ လုံးကျော် ကျဲချတိုက်ခိုက်ခဲ့ပြီး CNF ရဲဘော် ၂ ဦးအပါအဝင် ပြည်သူ ၂၄ သေဆုံးကာ ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Chin National Front – Headquarters က သတင်းထုတ် ပြန်သည်။ 

  • ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ခွာပီးကျေးရွာကို စစ်ကောင်စီတပ်က မေလ ၈ရက် ညနေပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားအချို့သေဆုံးခဲ့ပြီး ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ အကျအဆုံးရှိသည်ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

  • ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဆက်ဆံ ရေးရုံး သို့လာသည့် အင်ဒိုနီးရှား၊ စင်္ကာပူ သံတမန်များအပါအဝင် အာဆီယံသံတမန်များ၏ ယာဉ်တန်း တိုက်ခိုက်ခံရသည့် ဖြစ်ရပ်တွင် ခုခံတော်လှန်ရေးအင်အားစုများဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ပြောဆိုချက်ကို ကိုးကား ၍ People’s Spring တွင် ဖော်ပြထားသည်။ 

စစ်ကောင်စီ 

  • ပြည်ပသို့တင်ပို့ခွင့်မပြုသည့် ပစ္စည်းများကို ယခင်သြဂုတ်လ ၁၇ရက်နေလထုတ်ပြန်ခဲ့တာဖြစ်ပြီး ယခင်တင် ပို့ခွင့်မပြုသည့်စိန် နေရာတွင် လက်ဝတ်ရတနာအဖြစ်ပြုလုပ်ထားခြင်းမရှိသည့် စိန်အလွတ်များ ဟုပြောင်း လဲပြင် ဆင်သတ်မှတ်လိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန က ယခုနှစ် မေလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ 

  • နေပြည်တော် ကောင်စီနယ်မြေအတွင်း ရေရရှိနိုင်မည့် နေရာများကိုသုတေသနပြု နေကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောသည်။ 

  • အကြမ်းဖက်စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV DTH Platform (Direct to Home) စနစ်တွင် DTH Free to Air ရုပ်သံလိုင်းထည့်သွင်းထုတ်လွှင့်ခြင်း လုပ်ငန်း ဆောင်ရွက်လိုသူများအတွက် Expression of Interest (EOI) တင်သွင်းရန် ဖိတ်ခေါ်နေ ကြောင်းသိရ သည်။ 

  • စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် မုန်တိုင်းမဝင်ရောက်နိုင်ရန် ရည်ရွယ်ကာ ပုသိမ်မြို့ ရွှေမုဌောစေတီ၌ ကန်တော့ပွဲပေးပရိတ်ရွတ်ခဲ့ပြီး မော်တင်စွန်း ပင်လယ်ပြင်မှာ နဂါးစာကျွေးခြင်းများလည်း မေလ ၈ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မေ ၉ ရက် သုံးသပ်ချက် 

  • အကြမ်းဖက်စစ်တပ်က တော်လှန်ရေးအင်အားစုများကို နိုင်ငံတကာမှ အထင်လွဲမှားမှုများ ဖြစ်ပေါ် လာအောင် ပြုလုပ်မှုများရှိလာသည်ကိုတွေ့ရသည်။ 

  • နိုင်ငံတကာတွင် satellite ဂြိုလ်တုကြည့်ကာ တိုင်းပြည်ကို စီမံခန့်ခွဲနေချိန် အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးအဖွဲ့များသည် မုန်တိုင်းမလာအောင် နဂါးစာကျွေးမှုများပြုလုပ် သည်ကိုကြည့်ခြင်းဖြင့် စစ်တပ်၏ ခေတ်မမီသည့်အတွေးအခေါ်နှင် စီမံခန့်ခွဲမှု အရည်အချင်း ရှိမရှိကို  ပြောစရာ မလိုဘဲ မျက်မြင်တွေ့ရှိရခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly