နိုက်ဂျီးရီးယားနှင့် အီဂျစ်ပွဲစဉ်ကို ပရိသတ်များ ကွင်းပြည့်၊ ကွင်းလျှံ အားပေး

နိုက်ဂျီးရီးယားနှင့် အီဂျစ်ပွဲစဉ်ကို ပရိသတ်များ ကွင်းပြည့်၊ ကွင်းလျှံ အားပေး

မတ် ၂၆၊ နိုက်ဂျီးရီးယား ။             ။ နိုက်ဂျီးရီးယားနိုင်ငံ Ahmadu Bello ကွင်းတွင် ကစားခဲ့သည့် နိုက်ဂျီးရီးယားနှင့် အီဂျစ်တို့၏ အာဖရိကဖလားခြေစစ်ပွဲစဉ်ကို ပရိသတ်များ ကွင်းပြည့်၊ ကွင်းလျှံ အားပေးခဲ့ကြသည်။

Ahmadu Bello ကွင်းသည် ပရိသတ်ဦးရေ နှစ်သောင်းခွဲသာ ဝင်ဆံ့သည့်ကွင်းဖြစ်သော်လည်း ပရိသတ်လေးသောင်းခန့် လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ ပရိသတ်များသည် ခေါင်မိုးပေါ်များ၊ မီးမောင်းပေါ်များ၊ ဂိုးအရေအတွက်ပြသည့် ဆိုင်းဘုတ်ပေါ်များ၊ မျှော်စင်ပေါ်များနှင့် ပွဲကိုကြည့်ရှုနိုင်မည့် ကွင်း၏နေရာအနှံ့မှ အားပေးခဲ့ကြသည်။

၁-၁ ဂိုးဖြင့် သရေကျခဲ့ကြသည့် ထိုပွဲစဉ်တွင် ပွဲချိန် မိနစ် ၆၀ ၌ အီတီဘိုက နိုက်ဂျီးရီးယားအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ရိုးမားတိုက်စစ်မှူး ဆာလက်ရှ်က မိနစ် ၉၀ တွင် အီဂျစ်အတွက် ပြန်လည်ချေပပေးခဲ့သည်။

နိုက်ဂျီးရီးယားအသင်းဂိုးသွင်းလိုက်ချိန်တွင် ပရိသတ်များမှာ ကွင်းအတွင်းဝင်ပြီး ကစားသမားများနှင့် အောင်ပွဲခံခဲ့သည့်အတွက် တာဝန်ရှိသူများက ဖယ်ရှားခဲ့ရသေးသည်။

ထိုပွဲစဉ်တွင် အာဆင်နယ်လူငယ်တိုက်စစ်မှူး အိုင်ဝိုဘီမှာ နိုက်ဂျီးရီးယားအတွက် ပထမဆုံးပါဝင်ကစားခဲ့သည်။ အသက် ၁၉ နှစ်ရှိ အိုင်ဝိုဘီကို အင်္ဂလန်အသင်းအတွက် ခေါ်ယူရန် အက်ဖ်အေက မေးမြန်း စုံစမ်းခဲ့သေးသော်လည်း ကစားသမားက ငြင်းဆိုခဲ့ပြီး နိုက်ဂျီးရီးယားအသင်းအတွက် ကစားရန်သာ ရွေးချယ်ခဲ့သည်။

ပထမဆုံးလူစားဝင် ပါဝင်ကစားခွင့်ရသည့် ပွဲတွင် အသင်းအနိုင်မရခဲ့သော်လည်း ပွဲကစားခွင့်ရ၍ ပျော်ရွှင်မိကြောင်း အိုင်ဝိုဘီက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly