တပ်မ(၄၄)နှင့် တောင်စွန်းရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

By YT (မဇ္ဈိမ)
09 May 2023
တပ်မ(၄၄)နှင့် တောင်စွန်းရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

KNU တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ စစ်ကောင်စီ ၏ တပ်မ (၄၄) ဌာနချုပ်နှင့် ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲစခန်းတို့အား KNLA ပူးပေါင်းတပ်ဖွဲ့က သွား ရောက်တိုက်ခိုက်ခဲ့ရာ ရဲနှင့် စစ်ကောင်စီတပ်သားလေးဦးသေဆုံး၍ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) က ထုတ်ပြန်သည်။

မေလ ၆ ရက်နေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာအခြေစိုက် စစ်ကောင်စီ၏ တပ်မ(၄၄)ဌာနချုပ်အား တပ်မဟာ (၁) KNLA ၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF) ၊ ကျိုက်ထိုမြို့နယ် ပ.က.ဖ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံး၍ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရ သည်။

ထို့ပြင် ယင်းနေ့မွန်းလွဲပိုင်းကလည်း ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲစခန်းအား တပ်မဟာ(၁) KNU ၊ KNLA၊ KRF ၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်)- PPDF- KD ၊ PDF ၊ ဘီးလင်း ပ.က.ဖ၊ ကျိုက်ထို ပ.က.ဖ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးလေးလုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံး၍ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KRF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီအဖွဲ့ဝင်ဆိုတာ ရဲရော၊ စစ်သားရော ပါတယ်။ အထိအခိုက်က သေချာတော့မှ ထုတ်ပြန်တာ” ဟု KRF တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

မစ်ရှင်များအတွင်း ထိခိုက်၊ ကျဆုံးမှုများအား အတည်ပြုရသည်ဖြစ်၍ စစ်ရေးထုတ်ပြန်ချက်ထက် နောက် ကျရခြင်းဖြစ်ပြီး အထိအခိုက်၊ အကျအဆုံးများအား အတွင်းသတင်းပေး၊ ခိုင်လုံသော သတင်းပေးများထံ မှတစ်ဆင့်အတည်ပြုရကြောင်း KRF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ တပ်ရင်း၊ တပ်ခွဲများ၊ ဂိတ်စခန်းများ၊ ရဲစခန်းများနှင့် ဌာနဆိုင်ရာ ရုံးများအား တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်သည့် အကြိမ် တိုင်းတွင် စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ပြန်လည် ပစ်ခတ် လေ့ရှိကြောင်း သိရသည်။

စာတည်း ။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ကျိုက်ထိုမြို့နယ်

#KNU

#စစ်ကောင်စီတပ်

#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly