မွန်ပြည်နယ် ရေး၊ ဝါပသဲရွာမှာ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေ တိမ်းရှောင်

မွန်ပြည်နယ် ရေး၊ ဝါပသဲရွာမှာ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေ တိမ်းရှောင်

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ ဝါပသဲရွာထဲကို စစ်ကောင်စီက မေလ ၇ ရက်နေနဲ့ ၈ ရက်နေ့မှာ လေကြောင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ရေးမြို့နယ်ဝါပသဲရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာတည်ရှိပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ဒူးပလာခရိုင်မှာ ရာနဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ(၆)ထိမ်းချုပ်ရာ ဒူးပလာယာခရိုင် မွန်ပြည်နယ် ရေးမြို့နယ်ထဲက ဘဲလမု ကျေးရွာအုပ်စုဝါပသဲကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူတွေလုပ်ခဲ့တာကြောင့်ဒေသခံ ၅၀၀ ထက်မနည်း စစ်ဘေးရှောင်းနေရတယ်လို့ ဒေသခံတဦးကပြောပြပါတယ်။

ဝါပသဲကျေးရွာ စာသင်ကျောင်းအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယဉ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် ဒေသခံတွေရဲ စားသင်ကျောင်းတွေနဲ့ကရင် ကျေးရွာတွေ ၅ရွာထက်မနည်း စစ်ဘေးရှောင်နေရပါတယ်။

အလားတူ မေလ ၆ရက်နေ့တုန်းကလည်း ကျိုဒိုးမြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူတွေလုပ်ခဲ့ပါတယ်။

စစ်ကောင်စီကတော့လေကြောင်းတိုက်ခိုက်မူတွေအများဆုံးလုပ်တာကတော့ ကေအန်ယူတပ်မဟာ(၅)နဲ့အခု တပ်မဟာ(၆)ထိမ်းချုပ်နယ်မြေဖြစ်ပြီး လေကြောင်းတိုက်ခိုက်မူတွေကြောင့်အရပ်သားတွေ ထိခိုက်သေဆုံးမူတွေမလည်းမကြာခနဖြစ်ပေါ်နေပါတယ်။

အခုလိုလေကြောင်းတိုက်ခိုက်မူတွေ ဆက်တိုက်ရှိနေတာကြောင့် သောင်ရင်းမြစ်အနီးက စစ်ဘေးရှောင်တွေကလည်းနေရပ်မပြန်နိုင်တာ တနှစ်ကျော်သွားပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required