ရက်ပေါင်း ၆၄၀ အကြာတွင် အမိနိုင်ငံအတွက် ဂိုးပြန်လည် သွင်းယူနိုင်ခဲ့သည့် ဆွာရက်ဇ်

ရက်ပေါင်း ၆၄၀ အကြာတွင် အမိနိုင်ငံအတွက် ဂိုးပြန်လည် သွင်းယူနိုင်ခဲ့သည့် ဆွာရက်ဇ်

မတ် ၂၆၊ ဘရာဇီး ။              ။ ပွဲပယ်ပြစ်ဒဏ်ကြောင့် နိုင်ငံလက်ရွေးစင်ပွဲစဉ်များနှင့် ဝေးကွာနေရသည့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် ရက်ပေါင်း ၆၄၀၊ လပေါင်း ၂၀ အကြာတွင် အမိနိုင်ငံအတွက် ဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပြီ ဖြစ်သည်။

ဆွာရက်ဇ်သည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီတလီနောက်ခံလူ ချီလီနီ၏ ပခုံးကို ကိုက်ခဲ့သည့်အတွက် ပွဲပယ်ခံခဲ့ရပြီး ယခု ဘရာဇီးနှင့်ပွဲစဉ်တွင် ပထမဆုံးပြန်လည်ပါဝင်ကစားခဲ့ခြင်း ဖြစ်သည်။

တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့သော  ဘရာဇီးနှင့်ဥရုဂွေးတို့ ပွဲစဉ်မှာ ၂-၂ ဂိုးဖြင့် ပြီးဆုံးခဲ့ရသည်။ ဘရာဇီးအသင်းအတွက် ဒေါက်ဂလက်ကော်စတာနှင့် အော်ဂက်စ်တိုတို့က ပွဲချိန် ၁ မိနစ်နှင့် ၂၆ မိနစ်တို့တွင် အနိုင်ဂိုးနှစ်ဂိုးဦးစွာသွင်းယူပေးခဲ့ကြပြီး ဥရုဂွေးအတွက် ချေပဂိုးများကို ကာဗာနီနှင့် ဆွာရက်ဇ်တို့က ပွဲချိန် ၃၁ မိနစ်နှင့် ၄၈ မိနစ်တို့တွင် ပြန်လည်သွင်းယူပေးခဲ့သည်။

ထိုပွဲစဉ်မှာ ဘာစီလိုနာအသင်းဖော်များဖြစ်သည့် ဆွာရက်ဇ်နှင့် နေမာတို့ ပြန်လည်ဆုံတွေ့ခဲ့ကြသည့် ပွဲဖြစ်သည်။ ပွဲမတိုင်ခင်က ဆွာရက်ဇ်နှင့်နေမာတို့သည် ရှုံးနိမ့်ခဲ့သူက ဟမ်ဘာကာကြွေးကြေး အလောင်းအစားပြုလုပ်ခဲ့သော်လည်း သရေကျသွားသည့်အတွက် ကိုယ့်ဘာသာကိုယ် ဝယ်စားကြရတော့မည် ဖြစ်သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly