တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြခဲ့သည့် ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း

By ပါခွီး (မဇ္ဈိမ)
08 May 2023
တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြခဲ့သည့် ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံသပိတ် ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး တရုတ်နိုင်ငံအလံကို မီးရှို့ပြီး ဆန္ဒထုတ်ေဖာ်ခဲ့ကြောင်း သိရသည်။

မေလ ၈ ရက် ယနေ့တွင် ဒေသအတွင်းရှိ သပိတ်အင်အားစုများစုပေါင်း၍ “ China....Stop Killing Myanmar People by Supporting Fascist Criminals” စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင် ရေးကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းပြီး ပြည်သူလူထု၏ဆန္ဒကိုထည့်သွင်းစဉ်းစားခြင်းမရှိသည့် တရုတ်အစိုးရ ၏ရပ်တည်ချက်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် ယင်းမာပင်နှင့် ဆားလင်းကြီးဒေသရှိ စစ်ကောင်စီနှင့် တရုတ်အကျိုးစီးပွားများဖြစ်သော မြန်မာ ဝမ်ပေါင်၊ မြန်မာယမ်စီ ကြေးနီသတ္ထုကုမ္ပဏီများကိုလည်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

ယနေ့ချီတက်ပွဲသည် ကျေးရွာပေါင်းစုံသပိတ်ကော်မ၏ (၇၈၆) ရက်မြောက်အဖြစ် ချီတက်ခြင်းဖြစ်သည်။

ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း

#စစ်အာဏာရှင်ဆန့်ကျင်ရေး

#တရုတ်နိုင်ငံအလံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly