စစ်ကောင်စီကျုးလွန်နေသည့် ရာဇဝတ်မှုများရပ်တန့်ရန်အတွက် R2P ဝင်ရောက်ဆောင်ရွက်ပေးရန် CRPH တောင်းဆို

By မိုးသောက် (မဇ္ဈိမ)
08 May 2023
စစ်ကောင်စီကျုးလွန်နေသည့် ရာဇဝတ်မှုများရပ်တန့်ရန်အတွက် R2P ဝင်ရောက်ဆောင်ရွက်ပေးရန် CRPH တောင်းဆို

စစ်ကောင်စီက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူး လွန်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများရပ်တန့်ရန်အတွက် R2P ဝင်ရောက်ဆောင်ရွက်ပေးရန် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက တောင်းဆိုလိုက်သည်။

ယနေ့ မေလ ၈ ရက်နေ့တွင် CRPH က အထူးအစည်းအဝေးပြုလုပ်ပြီး R2P ဝင်ရောက်ရေးအပြင် နိုင်ငံတကာအကူညီများပေးရေး၊ နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးရေး၊ နိုင်ငံတကာအနေဖြင့် မြန်မာ့အရေးအပေါ် ကူညီဆောင်ရွက်ပေးရေး စသည့်အချက်များပါဝင်သည့် ဆုံးဖြတ်ချက် ၁၃ ချက်ကို အတည်ပြုချမှတ်ခဲ့သည်။

ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသည့် စစ်ကောင်စီခေါင်းဆောင်များနှင့် မိသားစုဝင်များကို စီးပွားရေး အရ အရေးယူပိတ်ဆို့မှုများပြုလုပ်ရေးအတွက်လည်း CRPH က တောင်းဆိုထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူလူထုကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပုံစံအမျိုးမျိုးဖြင့် နေ့စဉ် တိုက်ခိုက်နေပြီး အရပ်သားကျေးရွာများကိုပါ လေကြောင်းအသုံးပြုတိုက်ခိုက်နေသည့်အတွက် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ပေးရေးနှင့် လေယာဉ်ဆီအပါအဝင် စစ်လက်နက်များ၊ အသုံးအဆောင်ပစ္စည်း များ တင်ပို့ရောင်းချခြင်းကို ပိတ်ပင်တားဆီးခြင်းများ ထိရောက်စွာပြုလုပ်ပေးရန် တိုက်တွန်းထားသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အထူးအစည်းအဝေးကို နှစ်နာရီကျော်ကြာပြုလုပ်ခဲ့ ပြီးနောက် ဆုံးဖြတ်ချက် ၁၃ ချက်ထွက်ပေါ်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ကန့်ကွက် ခြင်းမရှိ အတည်ပြုခဲ့ကြသည်။

ရရှိလာသည့် ဆုံးဖြတ်ချက်များကို နိုင်ငံတကာပါလီမန်အဖွဲ့၊ ဥရောပပါလီမန်၊ ကုလသမဂ္ဂ၊ အာဆီယံအပါ အဝင် နိုင်ငံတကာအဖွဲ့အစည်းများထံသို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကောင်စီ

#R2P

# RPH

#စစ်ရာဇဝတ်မှု

Photo- AFP(ပုံဟောင်းဖြစ်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly