မြန်မာတွင် စာနာမှုအကူအညီ ပေးပို့သည့် အာဆီယံအရာရှိများ တိုက်ခိုက်ခံရမှု အင်ဒိုနီးရှားသမ္မတ ရှုတ်ချဝေဖန်

မြန်မာတွင် စာနာမှုအကူအညီ ပေးပို့သည့် အာဆီယံအရာရှိများ တိုက်ခိုက်ခံရမှု အင်ဒိုနီးရှားသမ္မတ ရှုတ်ချဝေဖန်

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီ ပေးပို့သော အာဆီယံအရာရှိများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်တစ်ရပ်ကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက မေလ ၈ ရက်တွင် ဝေဖန်ရှုတ်ချလိုက်ပြီး ပဋိပက္ခဒဏ်သင့် နိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်ဆိုင်းအဆုံးသတ်ရေး တောင်းဆိုသည်။

ဂျိုကိုဝီဟု လူသိများသော အင်ဒိုနီးရှားသမ္မတက အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်ကို ပြောကြားခြင်း မရှိသော်လည်း ထိုတိုက်ခိုက်မှုဖြစ်စဉ်က မြန်မာတွင် ငြိမ်းချမ်းမှု ရရှိရေး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အင်ဒိုနီးရှား၏ ကြိုးပမ်းအားထုတ်မှုများကို အဟန့်အတားဖြစ်စေမည် မဟုတ်ဟု ၎င်းက ပြောသည်။

“အင်အားအသုံးပြုတာတွေ ရပ်ပါ။ အကြမ်းဖက်မှုတွေ ရပ်ပါ။ ဘာကြောင့်လဲဆိုတော့ ထိခိုက်ဒုက္ခခံရမယ့်သူတွေက ပြည်သူတွေ ဖြစ်လို့ပါ။ ဒီအခြေအနေက ဘယ်သူ့ကိုမှ အနိုင်ရစေမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။ ဆွေးနွေးညှိနှိုင်းကြရန်နှင့် ဖြေရှင်းချက်နည်းလမ်းများ ရှာဖွေကြရန် သက်ဆိုင်သူအားလုံးကို အင်ဒိုနီးရှားအနေဖြင့် တိုက်တွန်းကြောင်း ၎င်းကပြောသည်။

တိုက်ခိုက်မှု၏ နောက်တွင် မည်သည့်အဖွဲ့ ရှိသလဲ ဆိုသည်ကို ယခုထက်ထိ ရှင်းရှင်းလင်းလင်း မသိရပေ။

စစ်အာဏာသိမ်းအုပ်စုကို ဆန့်ကျင်တိုက်ခိုက်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) များနှင့် မဟာမိတ်ဖွဲ့ထားသည့် မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရက မိမိတို့အနေဖြင့် ယင်းနှင့်ပတ်သက်၍ မည်သည့်တိုက်ခိုက်မှုကိုမှ မသိရှိဟု ပြောသည်။

သဘောထားမှတ်ချက်ပေးရန် ပန်ကြားမှုတစ်ခုကို PDF ကလည်း လက်တလော ဖြေကြားခြင်း မရှိပေ။အလားတူ မှတ်ချက်ပေးရန် ပန်ကြားချက်ကို မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly