တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့များ၏ အစည်းအဝေး တတိယနေ့အဖြစ် ဆက်လက်ကျင်းပ

တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့များ၏ အစည်းအဝေး တတိယနေ့အဖြစ် ဆက်လက်ကျင်းပ
တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့များ၏ အစည်းအဝေးတတိယနေ့တွင် သဘာပတိအဖြစ် ကရင်အမျိုးသားအစည်းအရုံုး(KNU) ဥက္ကဌ ဗုုိချုပ် မူတူးစေးဖုုိးက မိန့်ခွန်းပြောကြားစဉ်။ ဓာတ်ပုံ- ဖနိဒါ

ချင်းမိုင်၊ မတ် ၂၆ ။             ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့၏ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး တတိယနေ့ မတ်လ ၂၆ ရက်တွင် ကျင်းပနေသည်။

သဘာပတိအဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ဗိုချုပ် မူတူးစေးဖိုး၊ အရံသဘာပတိများအဖြစ် ဦးခွန်မြင့်ထွန်းနှင့် ပူးဇင်ကျုံးတို့ လုပ်ဆောင်လလျှက်ရှိပြီး အကျိုးဆောင်များအဖြစ် ရဲဘော် မိဆူးပွင့်နှင့် ဒေါက်ရွှေခါးတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အစိုးရ သစ်လက်ထက် အသွင်ကူးပြောင်းရေးကလအတွင်း နိုင်ငံရေးအခင်းအကျဉ်းအသစ်တွင် မိမိတို့၏ ရည်မှန်းချက်ကို ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ကြောင်းသတိထားစေလိုသည်ဟု ဗိုလ်ချုပ် မူထူးစေဖိုး ကမိန့်ခွန်းတွင် သတိပေးထားသည်။

“၂၀၁၆ ခုနှစ် ငါးနှစ် အသွင်ကူးပြောင်းရေးကာလအတွင်းမှာ နိုင်ငံရေးအခင်းအကျဉ်းအသစ်ကို ရင်ဆိုင်လာရပြီ ဖြစ်ပါတယ်။ ပြည်သူက ပေးတဲ့ အာဏာရှိသူများကို ပကတိအာဏာရယူထားသူများဖြင့် ရောစပ်ထားတဲ့အစိုးရအဖွဲ့နဲ့ မိမိတို့ ရည်မှန်းချက် ရရှိရေးကို ဆွေးနွေးညှိနှိုင်းရမှာ ဖြစ်ပါတယ်။ သတိထားစေချင်ပါတယ်”ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

အဓိက စိန်ခေါ်မှုများကို သတိပြုရင်း နိုင်ငံရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘောဝ ပတ်ဝန်းကျင် ကဏ္ဍ၊ စီးပွားရေး ကဏ္ဍနှင့် အခြားကဏ္ဍများ အသီးသီးအား အကောင်အထည်ဖော်နိုင်ရန် ပြင်ဆင်ထားကြရန် တိုက်တွန်းထားသည်။

တိုင်းရင်းသား လက်နက်ကိုင် တိုင်းရင်းသားများ၏ ရည်မှန်းချက်သည် စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရန် ဖြစ်၍ အဆိုပါ ရည်မှန်းချက်ကို တစိုက်မတ်မတ် အောင်မြင်မှုရရှိရေး လုပ်ဆောင်ရာတွင် လက်ရှိ နိုင်ငံပြောင်းလဲမှု ဖြစ်စဉ်အရ အားလုံး ပါဝင်နိုင်သည့် လွတ်တော်ပြင်ပ နိုင်ငံရေးဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လျင်မြန်စွာ ရောက်ရှိနိုင်ကြောင်း သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags