နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၇ မေ ၂၀၂၃)

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၇ မေ ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် နွေဦးတော်လှန်ရေး အဖြစ်မှန်ကို ရိုက်ကူးထားသည့် လွတ်လပ်ခါမှ အမျှဝေမယ် ရုပ်ရှင်ဇာတ်ကား ပြသပြီး နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေပွဲ ပြုလုပ်ကျင်း ပခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် ခဲ့သည်။
•    ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ၂၀၂၃ ခုနှစ်၊ ၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆုရှင် အဖြစ် ရွေးချယ် ချီးမြှင့် ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    တနင်္သာရီတိုင်း ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် ၊ ကမာချောင်းကျေးရွာ ဒေသခံ ဦးဇော်ဦးကို ပြီးခဲ့ သည့် မတ်လ ၂၅ ရက် ည ၈ နာရီတွင် စစ်ကောင်စီ တပ်ဖွဲ့က ၎င်း၏ နေအိမ်တွင်ဖမ်းဆီးခဲ့ပြီး နောက် မေလ ၅ ရက်တွင် ၎င်းပိုင် နေအိမ်နှင့် စက်သုံး အရောင်းဆိုင်ကို စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများက လာရောက် ချိတ်ပိတ်သွားကြောင်း ဒေသခံများထံက သိရသည်။
•    ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ ကမ်းနားလမ်းရှိ၊ မြို့မရဲစခန်းကို 79 ဗုံးပစ်လောင်ချာ ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီလင်းပိုင်(မော်ကျွန်း)အဖွဲ့က ယနေ့ မေလ ၇ ရက် နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
•    မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် မသန်းစွမ်းကလေးငယ်များအပါအဝင် မိသားစုလိုက်အား စစ်ကောင်စီက မေလ ၁ ရက်နေ့က ဖမ်းဆီးသွားကြောင်း ၎င်းတို့နှင့်နီးစပ်သူ မိတ်ဆွေတစ်ဦးက ပြော ကြားသည်။
•    မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်၊ မြွေပုံကန်ရွာ အရှေ့ဘက်ရှိ ညောင်မြစ်ကို ယနေ့ မေ ၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် စစ်သား ၇ ဦးက လှေနှင့် ဖြတ်ကူးစဉ် လှေမှောက်ပြီး စစ်သား ၆ ဦး ရေနစ်သေဆုံးခဲ့ကြောင်း Wetlet Information Network မှ သိရသည်။
•    မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးတွင် မေလ ၅ ရက်နေ့ ဗုံးပေါက်ကွဲပြီး Non-CDM ဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်း ကပြောဆိုသည်။
•    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းကကျေးရွာနှင့် တောင်စွန်းကျေးရွာတို့မှ နယ်မြေရဲစခန်းများ တပြိုင်နက် တိုက်ခိုက်ခံရကာ ဝင်းကရဲစခန်းမှ ရဲနှစ်ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံ မှ သိရသည်။
•    အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ဆိုင်ဟားခရိုင်၊ ကျပီးကျေးရွာတွင် စစ်ဘေးရှောင် ပြည်သူများ စောင့်ရှောက် ရေး ကော်မတီ - ကျပီးမှ ဦးစီးပြီး Federal Education High School - Chapi အထက်တန်းကျောင်းကို မေလ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း ကျောင်းတာဝန်ရှိသူများက ပြောသည်။
•    စစ်ကိုင်းတိုင်း ၊ ဆားတောင်မြို့ပေါ်ရှိ ရဲစခန်းဝန်း ထဲတွင် သန့်ရှင်းရေး လုပ် အမှိုက်မီးရှို့နေသည့် ရဲတပ်သား များကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မေလ ၇ ရက်နေ့ နေ့လယ်ပိုင်း ၁၁ နာရီ ခွဲ အချိန်ခန့်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါသည်။
•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ရွာသား ၁၅ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးသွားပြီး နေအိမ် ၆၀ ကျော်ကို မီးရှို့ ဖျက်ဆီးသွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း - MSPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာသား ၂ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၆၀၀ ကျော် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    မုံရွာမြို့ပေါ်ရှိ နာရီစင်တွင် မုံရွာလူငယ်များစည်းရုံးက ယနေ့ မေလ ၇ ရက်နေ့တွင် "အုပ်ချုပ်လို့တော့ မရဘူး "ဒုတ်" စုပ်လို့တော့ရမယ်" စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    လက်ပံတောင်းတောင် ဒေသပြည်သူများ ဦးဆောင်ကာ "China...Stop Killing Myanmar People by Supporting Fascist Criminals" စာတန်း ကိုင်ဆောင်ကာ တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင် ကန့်ကွက်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက မေလ ၇ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။
•    တောင်ကိုရီးယားနိုင်ငံ၊ ချောင်းဂျူမြို့တွင် ကိုရီးယားလူမျိုးများနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ ယနေ့ မေလ ၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံး ၃ ကြိမ်ပေါက်ကွဲမှုဖြစ်ပွားပြီး မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မိုးနှင့် ရဲအုပ် ကိုကိုလင်းတို့ ဒဏ်ရာ အပြင်းအထန်ရကြောင်း ရဲသတင်း ရပ်ကွက်ထံမှ သိရှိရသည်။
•    ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးမြို့မရဲစခန်းကို ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Ayayarwaddy Dolphin Defense Force Mawgyun တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံတွင် မြို့နယ် NLD အလုပ်အမှုဆောင် ဦးဝင်းနိုင်၏ ညီမဒေါ်ကြူကြူနိုင် နှင့် သမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် မချစ်သမီး တို့ကို ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
•    ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ စစ်တပ်ဝင်း ခြံစည်းရိုးတွင် "သတိ မိုင်း" ဆိုသော ဆိုင်းဘုတ်များကို စစ်တပ်က ထောင်ထားကြောင်း ရန်ကုန်မြို့ ပြည်သူများ၏ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ် သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

•    ချင်းပြည်နယ်၊ မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့က CDM ပညာရေးဝန်ထမ်းများကို အသိအမှတ်ပြုကတ်များ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားသည်။
•    ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် နန်းပန်လမ်းခွဲမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်နှင့် အင်းလေးပျူစောထီးအဖွဲ့က ဂိတ်ဖွင့်ပြီး ကားသမားများဆီက မတရားငွေတောင်းစားနေကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီ
•    ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြို့သစ်မှ အရပ်သားများကို ကရင်နယ် ခြားစောင့်တပ်(BGF)က အတင်းအကြပ် စစ်မှုထမ်းခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
•    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ရွာသစ်ဘုန်းကြီးကျောင်းရှေ့တွင် ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ စီးကို BGF တပ်ဖွဲ့က ကားနှင့် တိုက်သတ်ပြီး သေနတ်ပစ်ဖောက်သွားကြောင်း ဒေသခံ ပြည်သူများကပြောဆိုသည်။
•    ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်တပ်က ဆန်၊ ဆီ၊ ဆား အခြေခံ စားကုန်ရိက္ခာနှင့် ဆေးဝါးများ သယ်ယူမှု တားမြစ်ပြီး ပြည်သူပိုင် ကုန်ပစ္စည်းများကို မတရား ဖမ်းဆီးသိမ်းဆည်းထားကြောင်း စစ်တပ် သတင်းရင်းမြစ်တချို့က ပြောဆိုသည်။
•    စစ်ကောင်စီရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင်မြို့တော်ဂေါက်ကွင်းနှင့် ဟိုတယ်တွင် EV အားသွင်းရုံများတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
•    မေ ၆ ရက် ည ၈ နာရီစာရင်းအရ ပြည်တွင်း၌ ဓာတ်ခွဲနမူနာ ၁၁၀၉၁ ဦးတွင် ကိုဗစ်(၁၉)လူနာသစ် ၂၂၂ ဦး ထပ်မံတွေ့ရှိပြီးမေ ၁ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်(၁၉) လူနာသစ် ၇၈၃ ဦးတွေ့ရှိပြီး နှစ်ဦးသေဆုံးကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
•    မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးဥက္ကဋ္ဌ ဒါရိုက်တာဦးကြည်စိုးထွန်းတို့က ရွှေစင်ရုပ်တုနှင့် စက်ခလုတ်နှိပ်ဖွင့် လှစ်ပေးကာ အကြမ်းဖက်စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
•    တရုတ်နယ်စပ်ဒေသများ၌ နာမည်ဆိုးနှင့် ကျော်ကြားနေသည့် ကျားဖြန့်(အွန်လိုင်းငွေလိမ်)လုပ်ငန်းများ တရုတ်ရာဇ၀တ်ဂိုဏ်းများ၏ တရားမ၀င်လုပ်ငန်းများကို တားဆီးချင်သည့်တရုတ် ဆန္ဒကြောင့် အာဏာသိမ်း မြန်မာစစ်ကောင်စီဟာ ပြည်တွင်းမှာ နိုင်ငံခြားသား ခရီးသွားလာခွင့်ကို အထူးတင်းကြပ်လိုက်ကြောင်း သိရသည်။

မေ ၇ ရက် သုံးသပ်ချက်

•    မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးကတည်းက စစ်တပ်ဩဇာခံ ပျူစောထီး၊စွန်ရဲစသည့် မဘသ အစွန်း ရောက်အခြေခံသည့် လူသတ်ဒုစရိုက်အဖွဲ့များခေါင်းထောင်လာပြီး မြို့ပေါ်များတွင် ထင်တိုင်း ကျဲကာ ဖမ်းသူမရှိဘဲ တရားဝင်လူသတ်လိုင်စင်ပေးထားသည့်  ပုံစံမျိုး အကြမ်းဖက် စစ်ကောင်စီက အခွင့်အရေး ပေးထားသည်။
•    ကရင်နီတွင် စစ်တပ်က ရိက္ခာသယ်ယူခွင့်ပိတ်ပင်ပြီး ပြည်သူများ၏ စားနပ်ရိက္ခာများကို မတရားသိမ်းယူကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly