အညာဒေသရဲ့ လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်ခရီး ဘယ်လောက်တိုးတက်လာနေပြီလဲ (ရုပ်သံ၊သတင်း)

အညာဒေသရဲ့ လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်ခရီး ဘယ်လောက်တိုးတက်လာနေပြီလဲ (ရုပ်သံ၊သတင်း)

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ မတရားအာဏာသိမ်းယူမှုကို မလိုလားတဲ့ပြည်သူတွေဟာ လမ်းမတွေပေါ် ထွက်ပြီး ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါကို စစ်တပ်က အကြမ်းဖက်တဲ့နည်းနဲ့ ရက်ရက်စက် စက်ဖြိုခွင်းခဲ့ပြီးနောက်မှာတော့ စစ်တပ်ကိုမလိုလားတဲ့ လူငယ်တွေနဲ့ ပြည်သူတွေဟာ လက်နက်ကိုင် တော်လှန်တဲ့ လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။ 

အခုဆိုရင် စစ်တပ်ကိုလက်နက်ကိုင်တော်လှန်ခဲ့ကြတာ နှစ်နှစ်တာကာလကိုကျော်လွန်လာခဲ့ပါပြီ။ အညာ ဒေသမှာတော့ တုတ်၊ ဓါး၊ တူမီးနဲ့စခဲ့တဲ့တော်လှန်ရေးဟာ  အခုအခါမှာတော့ စစ်ကောင်စီရဲ့တပ်စခန်း တွေကို သိမ်းယူနိုင်တဲ့ အနေအထားတစ်ခုထိ ရောက်ရှိလာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် တော်လှန်ရေးကြီး တစ်ခုလုံး အောင်မြင်နိုင်ဖို့အတွက်ဆိုရင်တော့ Chain Of Command တစ်ခုတည်းအောက်မှာ ညီညီ ညွတ်ညွတ်နဲ့ တိုက်ပွဲဝင်တော်လှန်နိုင်ဖို့ လိုအပ်တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောဆိုပါတယ်။

တည်းဖြတ်၊ တင်ဆက် MTO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required