တရုတ်အစိုးရက ထိုင်ဝမ်ပြည်သူများကို နိုင်ငံရေးစွဲချက်ဖြင့် ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်လာ

တရုတ်အစိုးရက ထိုင်ဝမ်ပြည်သူများကို နိုင်ငံရေးစွဲချက်ဖြင့် ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်လာ

တရုတ်အာဏာပိုင်များသည် ရှန်ဟိုင်းရှိ Gusa Publishing သတင်းစာတိုက်မှ အယ်ဒီတာချုပ် လီယန်ဟဲအား ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဆိုသော သတင်းနှင့်အတူ ၂၀၂၃ ခုနှစ် ဧပြီနှောင်းပိုင်းတွင် ထိုင်ဝမ်နိုင်ငံသားများကို နိုင်ငံရေးစွဲချက်များဖြင့် ဖမ်းဆီးမှုများ များပြားလာသည်။

လီသည် တရုတ်သတင်းစာတိုက်တွက် အလုပ်လုပ်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်တွင် နေထိုင်ခဲ့သည်။ လီသည် တရုတ်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ရန် လုပ်ဆောင်နေပြီး ရှန်ဟိုင်းရှိ မိတ်ဆွေများနှင့် မိသားစုထံ ရောက်ရှိနေစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း လုပ်ဖောက်ကိုင်ဖက်များက ပြောသည်။ 

Gusa Publishing သည် တရုတ်ကွန်မြူနစ်ပါတီ (CCP) အတွင်း အကျင့်ပျက်ခြစားမှု သို့မဟုတ် ကမ္ဘာ့မီဒီယာအပေါ် တရုတ်၏သြဇာလွှမ်းမိုးမှုကဲ့သို့သော ခေါင်းစဉ်များဖြင့် တရုတ်အစိုးရကို ဝေဖန်သော စာအုပ်များထုတ်ဝေလေ့ရှိသည်။

ထို့နောက် ရက်အနည်းငယ်အကြာ ဧပြီ ၂၅ ရက်တွင် ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံသူ ယန်ချိယွမ်အား ကျဲ့ကျန်းပြည်နယ် ဝမ်ကျိုးနိုင်ငံလုံခြုံရေးဗျူရိုမှ စုံစမ်းစစ်ဆေးပြီးနောက် ဖမ်းဆီးသွားခဲ့ကြောင်း Beijing Daily က ဖော်ပြခဲ့သည်။

တရုတ်အစိုးရကို ဝေဖန်သောစာအုပ်များထုတ်ဝေသည့် ဟောင်ကောင်ရှိ Causeway Bay စာအုပ်ဆိုင်မှ ဝန်ထမ်း ၅ ဦးမှာလည်း ၂၀၁၅ ခုနှစ်နှောင်းပိုင်းက ပျောက်ဆုံးသွားခဲ့သည်။

ဖမ်းဆီးမှုများမှာ ထိုင်ဝမ်အင်န်ဂျီအိုဝန်ထမ်း လီမင်းချီကို ပြန်ပေးဆွဲမှုနှင့် အလားသဏ္ဍာန်တူပြီး လီသည် ၂၀၁၇ ခုနှစ် မတ်လက တရုတ်သို့ ခရီးထွက်လာစဉ် တရုတ်အစိုးရက ၎င်းအား ၅ နှစ်ကြာ ထိန်းသိမ်းခဲ့သည်။

လီမင်းချီသည် ယခုအခါ ပြန်လည်လွတ်မြောက်ကာ ထိုင်ဝမ်သို့ ရောက်ရှိနေပြီး ၎င်းတွေ့ကြုံခဲ့ရသော အခြေအနေမျိုး ရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုကာ ထိုင်ဝမ်လူ့အဖွဲ့အစည်းတွင် တက်ကြွစွာ ဆောင်ရွက်နေဆဲဖြစ်သည်။

တရုတ်အစိုးရက ထိုင်ဝမ်နိုင်ငံသားမည်မျှကို နိုင်ငံရေးစွဲချက်ဖြင့် ထိန်းသိမ်းထားသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

တရုတ်သည် ထိုဝမ်နိုင်ငံရေးညွန့်ပေါင်းအဖွဲ့မှ ထိုင်ဝမ်နိုင်ငံသားများဖြစ်ကြသည့် ပညာရှင် ဆင်ချန်ပင်နှင့် ပေါင်းစည်းရေးထောက်ခံသူ စိုင်ကျင်ရှူးတို့ကိုလည်း တရုတ်တွင် ထိန်းသိမ်းထားသည်။ ဆင်ချန်ပင်ကို ၎င်းရေးခဲ့သော တရုတ်စစ်တပ်အကြောင်း ဆောင်းပါးများအတွက် သူလျှိုစွပ်စွဲချက်များဖြင့် ၂၀၂၀ ခုနှစ်တွင် စွဲချက်တင်ခဲ့ပြီး စိုင်ကို ဖမ်းဆီးသည့်အကြောင်းရင်းကိုမူ မသိရပေ။

တရုတ်နိုင်ငံတွင် ပျောက်ဆုံးနေသော ထိုင်ဝမ်နိုင်ငံသား ၁၄၉ ဦးရှိကြောင်း ပြည်မကြီးရေးရာကောင်စီက ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ၆၇ ဦး၏ နေရာကို အတည်မပြုနိုင်ပေ။ နိုင်ငံရေးစွဲချက်များဖြင့် ထိန်းသိမ်းထားသည့်လူအရေအတွက်နှင့် ထိုနောက်ပိုင်း ကိန်းဂဏန်းအပြောင်းအလဲများကိုလည်း မသိရတော့ဟု ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required