ကရင်နယ်ခြားစောင့်တပ်(BGF)က အရပ်သားများကို အတင်းအကြပ် စစ်မှုထမ်းခိုင်းနေ

By သွင်ထူးဈာန် (မဇ္ဈိမ)
07 May 2023
ကရင်နယ်ခြားစောင့်တပ်(BGF)က အရပ်သားများကို အတင်းအကြပ် စစ်မှုထမ်းခိုင်းနေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြို့သစ်မှ အရပ်သားများကို ကရင်နယ် ခြားစောင့်တပ်(BGF)က အတင်းအကြပ် စစ်မှုထမ်းခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ရွှေကုက္ကိုလ်မြို့သစ်ရှိ ရပ်ကွက်တခုလျှင် ၁၅ ယောက်နှုန်းဖြင့် ကရင်နယ်ခြားစောင့်တပ်(BGF)ထံ စစ်မှု မထမ်းမနေရ အတင်းအကြပ်ပြုလုပ်နေခြင်းဖြစ်ကြောင်းသိရသည်။

“ရပ်ကွက်တစ်ရပ်ကွက်ကို ၁၅ ယောက်နှုန်းနဲ့ ယောက်ျားလေးတွေပေါ့။ BGF မှာ စစ်မှုထမ်းရမယ်ဆိုပြီး လုပ်တယ်။ အတင်းအကြပ်ပါပဲ၊ ဘယ်သူမှမလုပ်ချင်တော့ မနေ့က မဲနှိုက်ရတယ်။ တချို့ဆိုရင် နေရပ်စွန့် ခွာ ထွက်ပြေးရတဲ့သူတွေရှိတယ်” ဟု ဒေသခံတဦးကပြောသည်။

ယင်းအပြင် တအိမ်ထောင်လျှင် ထိုင်းငွေ ဘတ် ၂,၀၀၀ ဆက်ကြေးအနေဖြင့်ပေးရမည်ဟုလည်း သိရ သည်။

ပြီးခဲ့သည့်ဧပြီလက ကော်သူးလေအာမီ ဗိုလ်အယ်စေးဝါးဦးဆောင်သည့်စစ်ကြောင်းမှ ရွှေကုက္ကိုလ်မြို့သစ် အနီးရှိ ကရင်နယ်ခြားစောင့်တပ်(BGF)စခန်းကုန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး (BGF)တပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သလို မဲကနယ်ဒေသတွင်လည်း ကော်ဘရာစစ်ကြောင်းနှင့် ကျားသစ်နက်စစ် ကြောင်းတို့၏ တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံးခဲ့သည်။

“ပြီးခဲ့တဲ့ လပိုင်းက BGF စခန်းကုန်းတွေ အတိုက်ခံလိုက်ရတာ သူတို့အတော်ကျသွားတယ်။ တပ်မဟာ (၆) နဲ့ (၅) မှာ သူတို့အတော်ကျတယ်။ အဲဒီအတွက်ကြောင့် လူသစ်စုဆောင်းတာနေမယ်။ အခုလဲ သူတို့ စခန်းကုန်းတွေတိုက်ခံနေရတယ်ဆိုတော့ စခန်းကာကွယ်ဖို့အတွက် လူလိုနေတယ်” ဟု မြေပြင်သတင်း ရင်းမြစ်ထံမှ သိရသည်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် ရွှေကုက္ကိုလ်မြို့သစ်အနီးတိုက်ပွဲကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက် ပြေးခဲ့ရပြီး အရပ်သားနေအိမ်များကို စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့မှ ဝင်ရောက်ခိုး ယူခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်

#မြဝတီခရိုင်

#ရွှေကုက္ကိုလ်မြို့သစ်

#နယ်ခြားစောင့်တပ်(BGF)

#အတင်းအကြပ်စစ်မှုထမ်းခိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly