၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သူတွေရဲ့ ကြွေးကြော်မှုတွေကြားမှာ မြန်မာပြည် အကြောင်း ပထမဆုံး အကြိမ် ပါဝင်လာ

By Bitcoin Myanmar Initiative
06 May 2023
၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သူတွေရဲ့ ကြွေးကြော်မှုတွေကြားမှာ မြန်မာပြည် အကြောင်း ပထမဆုံး အကြိမ် ပါဝင်လာ

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

https://www.facebook.com/Bitcoin.MM.Initiative

ဒီမိုကရက်တစ်ပါတီဘက်မှ ၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မည့် သမ္မတလောင်း ရောဘတ်ကနေဒီ ဂျူနီယာ (Robert Kennedy Jr) မှ နိုင်ငံတကာမှ နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုတွေမှာ အမြင်မတူတာကြောင့် ဘဏ်အကောင့်တွေ ပိတ်ခံရခြင်းနဲ့ ပက်သက်တဲ့ အကြောင်းတွေကို Tweet လုပ်ရင်း နောက်ဆုံး အပိုင်းမှာ မြန်မာပြည် အကြောင်းကို ထည့်ပြောသွားခဲ့ပါတယ်။

“Bitcoin has been a lifesaver for people’s movements around the world, especially in Burma.” (Bitcoin ဟာ တစ်ကမ္ဘာလုံးက လူထုလှုပ်ရှားမှုတွေရဲ့ အဓိက ကယ်တင်ရှင်ပါ အထူးသဖြင့် မြန်မာနိုင်ငံမှာပါ) ဆိုပြီး သူ့ရဲ့ အပိုင်း ၄ ပိုင်း ပါဝင်တဲ့ Tweet ကို အဆုံးသက်ခဲ့ပါတယ်။

Tweet ထဲမှာ ရေးထားချက်များကတော့ ရုရှားမှာ အာဏာရှင်ကို ဆန့်ကျင်တဲ့ အတိုက်အခံ ခေါင်းဆောင် Alexei Navalny နဲ့ ပက်သက် ဆက်နွယ်တဲ့ ဘဏ်အကောင့်ပေါင်း ၁၀၀ ကျော်ကို ပိတ်ခံရတာတွေ၊ အမေရိကန်လုပ်ငန်းတွေ ဖြစ်တဲ့ Visa, Master, PayPal အစရှိတဲ့ ငွေပေးချေရေးလုပ်ငန်းတွေက အမေရိကန်အစိုးရ အမိန့်နဲ့ ဘယ်သူ့ရဲ့ အကောင့်ကို မဆို အချိန်မရွေး ဘဏ်အကောင့်ပိတ်လို့ရတာတွေ စသဖြင့် ပါဝင်ပါတယ်။

တတိယအပိုင်းမှာတော့ ငွေကြေးတွေကို ဒစ်ဂျစ်တယ် စနစ်ပြုလုပ်ပြီး အစိုးရက စောင့်ကြည့် ထိန်းချုပ်တာဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို တိုက်ရိုက် စိန်ခေါ်တာဖြစ်ကြောင်း ပြောထားပါတယ်။

Bitcoin ငွေကြေး နည်းစနစ်ကတော့ အစိုးရက တိုက်ရိုက် ထိန်းချုပ်မယ့် CBDC စနစ်လိုမျိး မဟုတ်ဘဲ အစိုးရမှ ကြားဝင်စွက်ဖက်ချက်မပါဘဲ ပြည်သူ တစ်ဦးနဲ့ တခြား ပြည်သူ တစ်ဦး တိုက်ရိုက် အင်တာနက်ပေါ်ကနေ ငွေလွှဲလို့ရတဲ့ စနစ်ဖြစ်တာကြောင့် ရောဘတ်ကနေဒီ ဂျူနီယာက ထောက်ခံတယ်လို့ ပြောထားပါတယ်။

ရောဘတ်ကနေဒီ ဂျူနီယာဟာ ဒီမိုကရက်တစ်ပါတီမှာ လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ပြီးရင် ဒုတိယ လူကြိုက် အများဆုံး ဖြစ်ပြီး သူ့ရဲ့ ရွေးကောက်ပွဲ Campaign အရှိန်အဟုန်ကို ဆက်မြှင့်နေပါတယ်။ ရောဘတ်ဟာ ယခင် ၃၅ ဦးမြောက် အမေရိကန် သမ္မတဖြစ်တဲ့ ဂျွန်ကနေဒီရဲ့ တူ အနေနဲ့ ဆွေမျိုး တော်စပ်ပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေး အရေးတော်ပုံ အစောပိုင်း ကာလအတွင်း မြန်မာနိုင်ငံရဲ့ လိုအပ်တဲ့ နေရာများကို Bitcoin နဲ့ ပို့ဆောင်မှုများ ရှိခဲ့တယ်လို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေထားတဲ့ Check Your Financial Privilege စာအုပ်ရဲ့ စာမျက်နှာ 177 မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တချို့သော တက်ကြွလှုပ်ရှားသူများကလည်း ဘဏ်အကောင့်များ အပိတ်မခံရင် စစ်တပ်ရဲ့ တားဆီးမှုကို မခံရနိုင်တဲ့ Bitcoin နဲ့ တခြားသော ဒစ်ဂျစ်တယ် ငွေကြေးများ ပြောင်းလဲပြီး လွတ်မြောက်ဒေသကို ရောက်ရှိသွားသူတွေလည်း ရှိကြောင်း လေ့လာတွေ့ ရှိထားပါတယ်။

Bitcoin စနစ်က သုံးတက်ရင် ဆေး၊ မသုံးတက်ရင် ဘေး ဆိုသလို ဖြစ်ပေမယ့် နည်းလမ်းမှန်ကန်စွာ သုံးစွဲသူများ အတွက် အာဏာရှင်ရန်စွယ်အောက်မှ လွတ်မြောက်ဖို့ အတွက် အထိ အသုံးဝင်ပါတယ်။ အရှေ့တောင် အာရှဒေသက နိုင်ငံငယ်လေး တစ်နိုင်ငံရဲ့ အာဏာရှင် တော်လှန်ဆန့်ကျင်တဲ့ အကြောင်းတွေကို အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်ပြိုင်နေသူ ရောဘတ်ကနေဒီ ဂျူနီယာက သိနေခဲ့သလားဆိုတာ အလွန် စိတ်ဝင်စားစရာ ကောင်းပါတယ်။

ကိုးကား

Robert F. Kennedy Jr. (Twitter Official Page)

(ယခု Bitcoin Myanmar Initiative မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly