ထိုင်းနိုင်ငံသည် ဇန်နဝါရီမှ ဧပြီလအတွင်း နိုင်ငံခြားဧည့်သည် ၈ ဒသမ ၆ သန်း စံချိန်တင် ရောက်ရှိကာ ဘတ်ငွေ ၃၅၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၅ ဘီလီယံ) သုံးစွဲကြကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက သောကြာနေ့တွင် ပြောသည်။
မေ ၁ ရက်မှ ၇ ရက် သီတင်းပတ်အတွင်း နိုင်ငံခြားဧည့်သည် ၅၂၀,၀၀၀ ကျော် လာရောက်မည်ဟု အစိုးရက မျှော်လင့်ထားကြောင်း အစိုးရပြောခွင့်ရသူ အနုချာ ဘူရာပါချိုင်းဆရီက ထုတ်ပြန်ချက်တွင် ဆိုသည်။
ယခုတစ်နှစ်လုံးအတွက် ခရီးသွားဧည့်သည် ၂၅ သန်းမှ သန်း ၃၀ ကြား လာရောက်မည်ဟု အစိုးရက ခန့်မှန်းထားသည်။
ဗီယက်နမ်နိုင်ငံသည်လည်း ဇန်နဝါရီမှ ဧပြီအတွင်း နိုင်ငံခြားဧည့်သည် ၃ ဒသမ ၆ သန်းကျော် လာရောက်ခဲ့ပြီး ကပ်ဘေးမတိုင်ခင်က အရေအတွက်၏ ၆၂ ရာခိုင်နှုန်းရှိကာ ယခုနှစ် ရည်မှန်းထားသော ဧည့် ရှစ်သန်း ဝင်ရောက်မည်ဆိုခြင်း၏ ထက်ဝက်နီးပါး ရှိသည်။