သွေးစွန်းငွေလာရာ အရေးယူပေးရန် တောင်းဆိုသည့် ရွာပေါင်းစုံသပိတ်စစ်ကြောင်း 

By ပါခွီး (မဇ္စျိမ)
05 May 2023
သွေးစွန်းငွေလာရာ အရေးယူပေးရန် တောင်းဆိုသည့် ရွာပေါင်းစုံသပိတ်စစ်ကြောင်း 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး သွေးစွန်းငွေလာရာ MOGE ကို အရေးယူပေးရန် ချီတက်တောင်းဆိုခဲ့ကြသည်၊ 

မေလ ၅ရက် ယနေ့တွင် လူထုသပိတ်စစ်ကြောင်းသည် “သွေးစွန်းငွေလာရာ MOGE ကို ချက်ချင်းအရေးယူပိတ်ဆို့ပေး” စာတန်းကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 

ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံသပိတ်ကော်မတီ၏ ၇၈၃ ရက်မြောက်နေ့ အဖြစ်ချီတက်ခြင်းဖြစ်သည်။ 

ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required