ထီးလင်းနယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၇ ဦးသေဆုံး

By MTO(မဇ္ဈိမ)
05 May 2023
ထီးလင်းနယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၇ ဦးသေဆုံး

မကွေးတိုင်း ထီးလင်းမြို့နယ် အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို အောင်း မြောက် ရွာအနီးတွင် ဂန့်ဂေါ်ခရိုင်တပ်ရင်းများ နှင့် YRA ထီးလင်းအဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်တွင် ၇ဦးထိသေဆုံးခဲ့ကြောင်း YRA-ထီးလင်း အဖွဲ့ မှ သတင်းထုတ်ပြန်သည်။

ကျောက်ထု မှ ထွက်လာသည့်အင်အား ၇၀ကျော် ပါစစ်ကြောင်းနှင့်ရွှေအောင်သာ အထိုင်တပ်မှ အင်အား ၆၀ခန့် တို့ ပူးပေါင်း၍ အောင်းမြောက်ရွအနီးသို့ စစ်ကြောင်းထိုးလာစဉ် မေလ ၄ ရက်နေ့ တွင် ဂန့်ဂေါ်ခရိုင်တပ်ရင်း ၁၅၊ ၁၆၊ ၁၇၊  YRA ထီးလင်း နှင့် ဂန့်ဂေါ်ခရိုင် တပ်ရင်း ၁၈ YNRF တို့ ပူးပေါင်းပြီး အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ပွဲက တော်တော်လေးပြင်းထန်ခဲ့တယ် မိနစ် ၂၀ လောက်ကြာတယ် အဲ့အတောအတွင်း မှာ သူတို့ဘက်က ၇ ယောက်ကျတယ် နောက်ပိုင်း ပြန်ကြားရတာကတော့ အောင်းမြောက်ရွာထဲမှာ ထိခိုက် ဒဏ်ရာရသွားတဲ့ သူတို့ ရဲ့ အတိုအပြတ်တွေကို ဆေးကုသပေး နေတာ အော်သံတွေကြားရတယ်လို့ ပြောတာတွေရှိတယ်” ဟု YRA ထီးလင်း အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း ၂ ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်ပါ ရောက်ရှိလာသည့် အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း  YRA-ထီးလင်းက အသိ ပေးထာသည်။

ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာချိန်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ က လက်နက်ကြီးဖြင့် ၇ချက်ထိ ကာပစ် ပစ်ခတ်ခဲ့ရာ ထိချက်ကောင်းခဲ့၍ နောက်ထပ်သေဆုံမှုများ ရှိနိုင်ကြောင်း YRA-ထီးလင်းအဖွဲ့ ကဆို သည်။

“ပြန်ဆုတ်တဲ့အချိန်မှာ ပစ်တဲ့ လက်နက်ကြီးပစ်ကူက ချက်ကောင်းတွေ ထိလို့ နောက်ထပ် သေဆုံးမှု တွေလည်း ရှိနိုင်တယ်။ ကာကွယ်ရေးတပ်ဖွဲ့ တွေဘက်မှတော့ ထိခိုက်ကျဆုံးမှု မရှိပါဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့တွင် ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး ရုံး (အနောက်ခြမ်း)ကို စစ်ကောင်စီတပ်မှ ဂျက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ရဲဘော် ၃ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required