စစ်ကောင်စီလက်ထက်မှာ အလုပ်သမားအခွင့်အရေး အပြည့်အဝရနိုင်မလား

စစ်ကောင်စီလက်ထက်မှာ အလုပ်သမားအခွင့်အရေး အပြည့်အဝရနိုင်မလား

ဒီနေ့ မေလ ၁ ရက်နေ့ဟာ တကမ္ဘာလုံးမှာရှိတဲ့ ကာယ၊ ဉာဏ အလုပ်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အလုပ်သမားနေ့အဖြစ် သတ်မှတ်ထား ပေမယ့် မြန်မာပြည်သား အလုပ်သမားတွေအတွက်ကတော့ ထူးပြီး ပျော်စရာကောင်းမနေတဲ့ အပြင် အများစုက အလုပ်လက်မဲ့ ဖြစ်နေကြရတာပါ။

 

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကတည်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်းက ထွက်ခွာသွား ကြတဲ့အတွက် အလုပ်လက်မဲ့ဦးရေဟာ ကြောက်ခမန်းလိလိ တိုးပွားလာခဲ့ပါတယ်။

 

ဒါ့အပြင် အရင်ခေတ်တွေကတည်းက အလုပ်သမားအခွင့်အရေး အပြည့်အဝမရသူတွေဟာ စစ်ကောင်စီ လက်ထက်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ နေရာတိုင်းမှာ သိသိသာသာ များပြားလာခဲ့ပါတယ်။

 

အဲဒီလို အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာဟာ အထည်ချုပ်လုပ်ငန်းတွေမှာ အဆိုးဆုံးလို့ အလုပ်သမားတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ သမဂ္ဂတွေက ဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly