စစ်ကိုင်းမှ မုံရွာသို့ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် 

By MTO(မဇ္ဈိမ)
04 May 2023
စစ်ကိုင်းမှ မုံရွာသို့ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် 

စစ်ကိုင်း-မုံရွာလမ်းပိုင်းအတိုင်း စစ်ကိုင်းမှမုံရွာဘက်သို့ ထွက်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း DK-PDF က သတင်းထုတ်ပြန်သည်။

ယနေ့ မေလ ၄ ရက်နေ့ နံနက် ၁ နာရီ ဝန်းကျင်းတွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာ အကြားတွင် ယာဉ် သုံးစီးပါယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်နှစ်စီး ထိမှန်ခဲ့ကြောင်းဆိုသည်။

ပထမတစ်စီးနှင့် တတိယမြောက် နောက်ဆုံးတစ်စီးတို့ ကို သေသေချာချာ ထိမှန်ခဲ့ကြောင်း DK-PDF မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

“ ညမှောင်နေတဲ့ အချိန်ဖြစ်နေလို့ ထိခိုက်သေဆုံးမှုအခြေအနေ ကိုတော့မသိရသေးဘူး စစ်ကောင်စီ ကားတွေက အခုတော့ မုံရွာကိုရောက်သွားပြီလို့ သတင်းရပါတယ်” ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်းသိရသည်။

ယခုတိုက်ခိုက်မှု ကို(PAFD).တပ်ခွဲ DK PDF(MMU) ၊ People's Knight Defense Force Myinmu (PKDF.MMU)၊ D.B.B.F.MMU၊ နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly