KFC ကြက်ကြော် မြန်မာနိုင်ငံ ဆိုင်ခွဲ စတင်ဖွင့်လိုက်ပြီ

KFC ကြက်ကြော် မြန်မာနိုင်ငံ ဆိုင်ခွဲ စတင်ဖွင့်လိုက်ပြီ

ရန်ကုန် (မဇ္ဈိမ) ။ ။ ကမ္ဘာကျော် KFC ကြက်ကြော်ကုမ္ပဏီကြီးက ဇူလိုင်၇ရက်တွင် ဗိုလ်ချုပ်ပ်ဈေးနှင့် မျက်နှာချင်းဆိုင်တွင် ဖွင့်လှစ်မည့် ပထမဆုံးစားသောက်ဆိုင်ဖြင့် မြန်မာနိုင်ငံကို တရားဝင်တံခါးဖွင့်ပေးတော့မည်ဖြစ်သည်။ 

ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီ Yoma Strategic ၏ Yum! Foods ကို သွတ်သွင်းလာမှုနှင့်အတူ အမြန်ရအစားအစာလုပ်ငန်းများမှာ ၂၀၁၄ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်။ Yum! Foods မှာ Pizza Hut နှင့် Taco Bell လို အကြီးစား နိုင်ငံတကာအစားအသောက် ကုမ္ပဏီများကို စုစည်းထားခြင်းဖြစ်သည်။

ဟင်းလျာစာရင်းတွင် အသစ်တိုးလာသည်မှာ အထူးသီးသန့်တီထွင်ထားသည့် KFCကြက်ကြော်၏ မြန်မာနိုင်ငံသားများ အကြိုက်တွေ့စေမည့် အရသာဖြင့် ဟင်းဗူးဖြစ်ပြီး၊ မြန်မာကျပ်ငွေ ၂၅၀၀ဖြင့် ဝယ်ယူစားသုံးနိုင်ပြီ ဖြစ်သည်။

မြန်မာအစိုးရက အနည်းဆုံးတစ်ရက်လုပ်အားခကို ၃၆၀၀ကျပ် သတ်မှတ်လိုက်သည့် တစ်ရက်တည်းမှာပင် KFCကြက်ကြော်၏ စီမံအုပ်ချုပ်မှုဒါရိုက်တာနှင့် Yoma Strategic ၏ ဘဏ္ဍာရေးအရာရှိချုပ် ဂျေအာချင်းက ထိုင်းနိုင်ငံလို ဒေသတွင်းဈေးနှုန်းများနှင့် ညှိ၍ မြန်မာပြည်သူအားလုံးအတွက် ရည်ရွယ်၍ ဈေးနှုန်းများကို သတ်မှတ်ခဲ့သည်။  

၎င်း၏ အမြန်ရအစားအစာအုပ်စုမှာ မြန်မာ၏ ရသာရုံအသစ်များကို ပစ်မှတ်ထားပြီး၊ လူငယ်ထုကို ရည်စူးကြောင်း ဇွန်၃၀ရက်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

''ကျွန်တော် စောစောကပြောခဲ့သလိုပဲ ကျွန်တော်တို့က KFCကြက်ကြော်ကို မြန်မာနိုင်ငံသားအလားလုံး စားနိုင်ဖို့ ကြိုးစားနေတာပါ။ တစ်ခုသော ဖောက်သည်အလွှာအတွက်၊ တစ်ခုသော လူမှုစီးပွားနောက်ခံရှိသူများအတွက်၊ တစ်ခုသော လူမျိုးစုသီးသန့်အတွက် မဟုတ်ပါဘူး။ ဒါ့ကြောင့် စည်းလုံးခြင်းရဲ့ အနှစ်သာရက ကင်တပ်ကီကြက်ကြော်ဟာ မြန်မာရဲ့အစိတ်အပိုင်းတစ်ခု စင်စစ်ဖြစ်တယ်လို့ ပြောနိုင်ဖို့ အလွှာအားလုံးကို ဆွဲဆောင်ဖို့ ကြိုးစားနေတာပါ''ဟု မစ္စတာချင်းက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

KFC မြန်မာပြည်သို့ ဝင်ရောက်လာမှု၏ နောက်ကွယ်တွင်ရှိသော Yoma Strategic တွင် အမြန်ရအစားအစာအုပ်စုများကို မြန်မာပြည်သို့ ဆောင်ကျဉ်းလာရေးသာမက လက်လီဆိုင်ကြီးများကိုလည်း သွတ်သွင်းလာလိုသည့် ရည်ရွယ်ချက်တစ်ခု ရှိနေပါသည်။ ထိုရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ မစ္စတာချင်းက ဤသို့ ပြောကြားခဲ့သည်။

''ပိုမိုကျယ်ပြန့်တဲ့ စားသုံးသူပလက်ဖောင်းလို့ ကျွန်တော်တို့မြင်တဲ့ KFCလုပ်ငန်းမှာ Yoma က အများကြီးရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ကျွန်တော်တို့ ယုံကြည်တဲ့ ပိုမိုကျယ်ပြန့်တဲ့ စားသုံးသူပလက်ဖောင်းထဲမှာ အစားအစာနဲ့ အဖျော်ယမကာတွေပါသလို၊ အမြန်ရအစားအစာနဲ့ လူသုံးကုန်ပစ္စည်းတွေလို လက်လီကုန်ပစ္စည်းတွေလည်း ပါဝင်နေတာကြောင့် အစားအစာနဲ့ အဖျော်ယမကာတွေ ပါဝင်နေတဲ့ ပိုမိုကျယ်ပြန့်တဲ့ စားသုံးသူနယ်ပယ်မှာ အခြားအခွင့်အလမ်းတွေကို ရှာဖွေဖို့ အစီအစဉ်တွေလည်း ရှိပါတယ်''
 
နိုင်ငံတကာကုမ္ပဏီတွေက မြန်မာပြည်အတွင်း ပြည်တွင်းကုမ္ပဏီတွေ မတွင်ကျယ်သေးရာ နေရာတွေကို ဝင်ရောက်လာနေသောကြောင့် ရှိပြီးသား အမြန်ရအစားအစာဈေးကွက်မှာ ပြုပြင်ပြောင်းလဲရန် ချိန်ဆလျှက်ရှိနေသည်။  

ယခုလက်ရှိတွင် ကိုရီးယား၏ Lotteria နှင့် ထိုင်း၏ Pizza Company တို့က ဈေးကွက်တွင် နေရာယူထားသော်လည်း မစ္စတာချင်းကမူ ကင်တပ်ကီကြက်ကြော်မှာ နာမည်ကြီးပြီးသား ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သောကြောင့် လူကြိုက်များလိမ့်မည်ဟု ယုံကြည်နေပြီး၊ ရှိပြီးသားနှင့် လာလတ္တံ့သော ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလိမ့်မည်ဟု သေချာခိုင်မာနေသည်။

တရုတ်နိုင်ငံတွင် ထုတ်လုပ်ခဲ့သည့် ထုတ်ကုန်များတွင် မသန့်ရှင်းသောအသားများကို အသုံးပြုခဲ့သည်ဟူသော စွပ်စွဲမှုများဖြင့် အတိတ်တစ်ချိန်က KFC ကုန်အမှတ်တံဆိပ်ကို အပြင်းအထန် ဝေဖန်ခဲ့ကြသလို၊ KFC နှင့် အခြားအုပ်စုများကို ထောက်ပံ့နေသည့် ယူကေ ကြက်ဘဲဈေးကွက်မှာလည်း ထိတ်လန့်တုန်လှုပ်ကုန်ကြသည်ဟူသည့် သတင်းတစ်ရပ် ၂၀၁၄ခုနှစ် ဇူလိုင်လထုတ် Guardian တွင် ဖော်ပြလာခဲ့သည်။

မစ္စတာချင်းကမူ မြန်မာနိုင်ငံတွင် KFCကို ထောက်ပံ့နေသည့် ကြက်များမှာ နေ့တိုင်း လတ်လတ်ဆတ်ဆတ်ချည်းဖြစ်သည်ဟု အလေးအနက်ပြောသည်။ ''ကြက်တွေက မြန်မာပြည်အောက်ပိုင်းက ကြက်ခြံက လာတာပါ''ဟု မစ္စတာချင်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags