နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂ မေ ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂ မေ ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာသည့် အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာလျှင် ကျနော်တို့ ဆန္ဒဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည်။ 

  •  “The End Of Dictatorship” အစီအစဉ်များထဲက တစ်ခုဖြစ်သည့် နွေဦးအင်းလျား ကွန်ဒိုအခန်းများ ရောင်းချခြင်းကို ၁၂ နာရီအတွင်းမှာ ဒေါ်လာ ၆ သန်းကျော်ဖိုး ဝယ်ယူအားပေးခဲ့ကြသည့် ပြည်တွင်းပြည်ပက ပြည်သူများကို အထူးကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောသည်။ 

  • ဘုံရန်သူက တော်လှန်ရေးကို ပုံဖျက်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသလို တစ်ဖက်ကလည်း တော်လှန်ရေး အင်အားစုများကြား သွေးကွဲစေမည့် တော်လှန်ရေးကို အယုံအကြည်မဲ့စေမည့် ကိစ္စမျိုးများအတွက် နည်းမျိုး စုံသုံးပြီး လုပ်ဆောင်နေချိန် တော်လှန်ရေးကို ပုံပျက်စေမည့် သတင်းစကားများကို နိုင်ငံတကာဘက်ကို မရောက်အောင်လည်း နိုင်ငံတကာတာဝန်ရှိသူများနှင့်ထိစပ်ပြီး လက်ရှိအခြေအနေများကို မျှဝေနိုင်အောင် ကြိုးစားကြရမည်ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောသည်။ 

  • မြန်မာပြည်သူများ စစ်ကောင်စီလက်အောက်တွင် တစ်ရက်မျှ မနေလိုကြောင်း နိုင်ငံတကာသို့ အမျိုးသားညီညွတ်ရေးအစိုးရ( NUG )ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောသည်။ 

  • ထိန်းချုပ်နယ်မြေများတွင် အခွန်စနစ်စတင်ကျင့်သုံးနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသည်။ 

  • နိုင်ငံတကာက မြန်မာ့အရေး အဖြေရှာရန် ဆွေးနွေးပွဲများ ကျင်းပနေချိန် စစ်တပ်က ပြည်သူပေါင်း ၁၆၈ သေဆုံးစေ သော လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုအပါအဝင် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ် ပြသနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးကြီး ဇင်မောင်လွင် သေဆုံးခဲ့သော ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း လှိုင်သာယာ မြေပြင်သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။ 

  • ယခု ၂၀၂၃ ခုနှစ် ပထမ ၄လတာအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ဘေးရှောင်နေရသည့် လူဦးရေမှာ ၇ သိန်းနီးပါးအထိ စံချိန်တင်တိုးလာကြောင်း သုတေသနအဖွဲ့တစ်ခုဖြစ်သည့် ISP - Myanmar ၏ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံသပိတ် ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း(၇၈၀)ရက်မြောက်နေ့ အဖြစ် မေလ၂ ရက် ယနေ့တွင် ချီတက်ဆန္ဒပြကြသည်။ 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်နှင့် ပျူပူးပေါင်းအဖွဲ့ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မေလ ၂ ရက် နံနက် ၅ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခဲ့ကြောင်း ချင်းတွင်းတိုးနယားတပ်ဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အရှေ့ခြမ်းနှင့် တောင်ဘက်ခြမ်းသို့ စစ်ကောင်စီတပ်က စစ် ကြောင်း ထိုးဝင်ရောက်ကာ လေကြောင်းမှဗုံးထပ်ကျဲပြီး စာသင်ကျောင်းအပါအဝင် လူနေအိမ် ၁၀၀ ကျော် ကို မီးရှို့သွားကြောင်းသိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို မီးရှို့ပြီး စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ သောက်သုံးရေနှင့် စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • ရှမ်းပြည်နယ်၊ မူပန်ခရိုင်ရှိ ဟွေတုံရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း နယ်မြေခံ သတင်းရင်း မြစ်ဖြစ်သည့် The Kokang ထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များ က ကန့်သတ်ပိတ် ဆို့ရှာဖွေမှုများကြောင့် ကျေးရွာများတွင် ရိက္ခာပြတ်လပ်မှုနှင့်ကြုံနေရကြောင်း ဒေသခံ များထံမှ သိရသည်။ 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းများ၊ စစ်ကောင်စီတပ်စွဲထားသည့် နေရာများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့် သတင်းပေးများနှင့် ဝေးဝေးနေကြရန် ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) မှ ယမန်နေ့ မေလ ၁ ရက်နေ့တွင် အသိပေးချက် ထုတ်ပြန် ထားသည်။ 

  • ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ကညွတ်ကွင်းမြို့တို့တွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၁၂ ဦး သေဆုံးကာ PDF ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း ပဲခူးခရိုင် အမှတ် ၃၇၀၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ 

  • ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်တပ်၏ ရွှေကျင်ဗျူဟာစခန်းအတွက် ထောက်ပို့လမ်းကြောင်းပေါ်ရှိ ရေကြည် ချောင်းတံတားကို PDF တပ်များက မိုင်းခွဲရှင်းလင်းလိုက်ကြောင်း ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • အကြမ်းဖက်စစ်အာဏာရှင်ကိုတိုက်ဖျက်ပြီးကရင်နီအမျိုးသားထုလွတ်မြောက်ရေးနှင့်ဖက်ဒရယ် တည်ဆောက် နိုင်သည်အထိ ခုခံစစ်ဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း ကရင်နီ အမျိုးသားတိုးတက် ရေးပါတီKNPP တည်ထောင်ခြင်း ၆၆နှစ်ပြည့် ထုတ်ပြန် ကြေညာချက်မှာ ထည့်သွင်း ကတိပြုထားသည်။ 

  • ချင်းပြည်နယ် ဟားခါးမြို့နယ်မှာ ယမန်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

  • ကရင်နီပြည်(ကယားပြည်နယ်)၊ဒီးမော့ဆိုနှင့်ဖယ်ခုံ အနောက်ဘက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ 

  • မကောင်းမှုမှန်သမျှ ၊ မတရားမှု မှန်သမျှ အကုန်လုပ်ဆောင်နေသည့် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် မနေတော့ဘဲ ပြည်သူ့ဘက် ပူးပေါင်းကြရန် ချင်းအမျိုးသား ကာကွယ်ရေးတပ်(CNDF) Project Team Leader မဟာဗျူဟာမှူး ဒီဒီက တိုက်တွန်းလိုက်သည်။ 

  • ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်က သုံးလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုပေါင်း ၆၂၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း KNU သတင်းနှင့်ပြန်ကြားရေး(ဗဟို)မှ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၁၉ ကြိမ်ပြုလုပ်ခဲ့၍ ဒေသခံ သုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်ဟု Chin Defence Force -Mindat မှ သတင်းထုတ်ပြန်သည်။ 

  • ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလနောက်ဆုံးပတ်မှစတင်ကာ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေး တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်လျက်ရှိရာ ဧပြီလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၁၂ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ၏ ထုတ်ပြန်ချက်များ အရ သိရသည်။ 

  • စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲခြင်းဒဏ်ကို ခံစားနေရသော ကရင်နီဒေသအတွက် ဒရုန်းတစ်စင်း လှူဒါန်းနိုင်ရန် Vitamins for-Spring Revolution ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်းမှ ပရောဂျက် G2D ပြုလုပ်နေပြီး ပြည်သူများအနေဖြင့် မဲလက်မှတ်များဝယ်ယူကာ ပါဝင်ကံစမ်းနိုင်ကြောင်း သိရသည်။ 

  • ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် တပ်မဟာ (၅) KNLA ထံသို့ နှစ်နှစ်အတွင်း စစ်ကောင်စီတပ်သား ၁၃၈ ဦးခန့် လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီ 

  • မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက လူနည်းစုများအပေါ်ဘာသာရေး လွတ်လပ်ခွင့်များ ဆိုးဆိုး ရွားရွား ချိုးဖောက်နေတာကြောင့် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင်က မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် အထူးပြင်းထန်စွာ ချိုးဖောက်သည့် နိုင်ငံများစာရင်း၌ ထည့်သွင်း လိုက်သည်။ 

  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားဝန်ကြီးဖြစ်သူ Qin Gang သည် ယနေ့ မေလ ၂ ရက်နေ့တွင် နေပြည်တော် သို့ရောက်ရှိမည်ဖြစ်ကြောင်း ဘေးဂျင်းအခြေစိုက် CGTN သတင်းဌာနတွင် ဖော်ပြသည်။ 

  • မြန်မာနိုင်ငံမလာရောက်မီ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်းဂန်သည် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ၏  မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နိုလင်းဟေဇာ နှင့် မေလ ၁ ရက်နေ့တွင် တွေ့ဆုံခဲ့သည်။ 

  • ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် ၁၁,၁၁၁ ပါးတို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား အစမ်းလေ့ကျင့်ရန်အတွက် သံဃာ တော်များနှင့် လူပုဂ္ဂုလ်များကိုကြိုပို့လုပ်ရန် ရန်ကုန်တိုင်းအတွင်းရှိ YBS ယာဉ်လိုင်းများကို ချောဆွဲပြီး ရန်ကုန်တိုင်း စစ်ကောင်စီက ပို့ဆောင်ခိုင်းစေခဲ့ကြောင်း သိရသည်။ 

  • မြန်မာအလုပ်သမားများ ဟောင်ကောင်အထူးအုပ် ချုပ်ခွင့်ရဒေသသို့လာရောက်၍ ကာလရှည်အလုပ်လုပ် ကိုင်ရန်အခက်အခဲရှိနိုင်သည်ဟုဟောင်ကောင်မြို့ရှိ အကြမ်းဖက်ကောင်စစ်ဝန်ရုံးမှထုတ်ပြန်လိုက်သည်၊၊ 

မေ ၂ ရက် သုံးသပ်ချက် 

  • စစ်အုပ်စုမှ အာဏာသိမ်းပြီးကတည်းက လူနည်းစုဘာသာများကို ဖိနှိပ်သလို ဗုဒ္ဓဘာသာကိုအသုံးချကာ နိုင်ငံရေးလက်နက်သဖွယ်ပြုလုပ်နေသည်။တကယ်တမ်း လက်တွေ့မှာတော့ ဘုန်းကြီးကျောင်းများ စေတီပုထိုးများ၊ဘုန်းတော်ကြီးများကိုပါ မီးရှို့ဖျက်ဆီး သတ်ဖြတ်နေသည်ကို တွေ့မြင်နေရသည်။ 

  • စစ်ကိုင်း၊မကွေး၊ချင်းပြည်နယ်၊ကရင်ပြည်နယ်၊ကရင်နီပြည်နယ်၊ပဲခူးအရှေ့ခြမ်း၊မွန်ပြည်နယ်တို့တွင် နေ့စဉ်တိုက်ပွဲများရှိနေပြီး စစ်ကောင်စီတပ်သားအသေများနေသလို တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း ကျဆုံးမှုရှိနေသည်။ 

 

 

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly