ထိန်းချုပ်နယ်မြေများတွင် အခွန်စနစ် စတင်ကျင့်သုံးနေပြီဟု NUG ဝန်ကြီးချုပ်ပြော

ထိန်းချုပ်နယ်မြေများတွင် အခွန်စနစ် စတင်ကျင့်သုံးနေပြီဟု NUG ဝန်ကြီးချုပ်ပြော

ထိန်းချုပ်နယ်မြေများတွင် အခွန်စနစ်စတင်ကျင့်သုံးနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသည်။

“ကျွန်တော်တို့ စိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေတွေမှာလည်း အခွန်စတင်ကျင့်သုံးနေပြီဖြစ်တဲ့အတွက် အဲဒီ ကောက်ခံရရှိတဲ့ အခွန်နဲ့ ဒဏ်ကြေးငွေတွေကနေလည်း မြို့နယ်အတွင်း လိုအပ်နေတဲ့ ဒေသကာကွယ်ရေး လုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေမှာ ပြန်လည်ခွဲဝေ သုံးစွဲနေပြီဖြစ်တာမို့ ပြည်သူတွေရဲ့ အဘက်ဘက်ကထည့်ဝင်လာကြတဲ့ ဘဏ္ဍာငွေတွေကို တော်လှန်ရေး အတွက် အကျိုးရှိစွာနဲ့အသုံးချပြီး ပြည်သူတွေ အထိအခိုက်နည်းနည်းနဲ့ တော်လှန်ရေးကြီး အောင်အောင် မြင်မြင် အမြန်ပြီးဆုံးအောင်ကြိုးပမ်းသွားဖို့ရန် ကျွန်တော်တို့အစိုးရအဖွဲ့ဝင်များအားလုံးကိုလည်း မှာကြား လိုပါတယ်" ဟု NUG ဝန်ကြီးချုပ်က ပြောသည်။

နှစ်နှစ်တာကာလအတွင်း တော်လှန်ရေးလုပ်ငန်းများဆောင်ရွက်ရသဖြင့် ငွေကြေးဆိုင်ရာအခက်အခဲများ ရှိခဲ့သော်လည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကြောင့် ကျော်ဖြတ်နိုင်ခဲ့သည်ဟု ဝန်ကြီးချုပ်က ပြော သည်။

“ငွေကြေးဆိုင်ရာ အခက်အခဲတွေကို နှစ်နှစ်လုံးလုံးရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာဟာ ပြည်သူတွေရဲ့ ပြင်းပြ တဲ့ စိတ်ဆန္ဒတွေနဲ့ ပူးပေါင်းပါဝင်ခဲ့မှုတွေကြောင့်သာ ဖြစ်ပါတယ်၊ ပြည်သူတွေရဲ့ ချွေးနှဲစာနဲ့ လှူဒါန်းကူညီ ကြတဲ့ဘဏ္ဍာငွေတွေကို အလေအလွင့်မရှိ အကျိုးရှိစွာအသုံးချသွားနိုင်ဖို့ကိုလည်း ကျွန်တော်တို့ အမြဲကြိုး စားဆောင်ရွက်နေကြောင်း ဒီနေရာကနေ ပြည်သူများထံသို့ သတင်းစကားပါးလိုပါတယ်” ဟု မန်းဝင်းခိုင် သန်းကပြောသည်။

နွေဦးအင်းလျားကွန်ဒိုအခန်းများကို ၁၂ နာရီအတွင်း ဒေါ်လာခြောက်သန်းကျော်ဖိုး ဝယ်ယူအားပေးမှုကို လည်း ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

စစ်ကောင်စီက သွေးခွဲခြင်း၊ တော်လှန်ရေးကို ပုံဖျက်ခြင်းများ တစိုက်မတ်မတ်လုပ်နေပြီး မဟာမိတ်များ နှင့် နိုင်ငံရေးအရ မဟာဗျူဟာကျကျ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်းလည်း ဝန်ကြီးချုပ် က သတိပေးသည်။

“တော်လှန်ရေးအင်အားစုတွေကြား သွေးကွဲစေမယ့် တော်လှန်ရေးကိုအယုံအကြည်မဲ့စေမယ့် ကိစ္စမျိုး တွေအတွက် နည်းမျိုးစုံသုံးပြီး လုပ်ဆောင်နေချိန်ဖြစ်ပါတယ်၊ တော်လှန်ရေးကို ပုံပျက်စေမယ့် သတင်း စကားတွေကို နိုင်ငံတကာဘက်ကို မရောက်အောင်လည်း ကျွန်တော်တို့က နိုင်ငံတကာတာဝန်ရှိသူတွေ နဲ့ ထိစပ်ပြီး လက်ရှိအခြေအနေတွေကို မျှဝေနိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

NUG အစိုးရအဖွဲ့ဝင်များအနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ပြည်သူများကို ဝန်ဆောင်မှုပေးရေး၊ နိုင်ငံတကာအရေးများကို တပြိုင်နက်တည်းလုပ်ကိုင်နေရသဖြင့် ပင်ပန်းနေရသည်ကိုနားလည်သော် လည်း ပြည်သူများ၏ ဒုက္ခများချုပ်ငြိမ်းစေရန်လုပ်ဆောင်နေခြင်းဖြစ်သဖြင့် ဆက်လက်ကြိုးစားဆောင် ရွက်ကြရန် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

ဓာတ်ပုံ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း PDF စခန်းများသို့ ဇွန်လ ၇ ရက်က သွားရောက်ခဲ့စဉ်

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

#အခွန်စနစ်

#NUGဝန်ကြီးချုပ်

#Mizzimatv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly