ရက်ပေါင်း (၇၈၀) မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်သည့် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း

By ပါခွီး (မဇ္ဈိမ)
02 May 2023
ရက်ပေါင်း (၇၈၀) မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်သည့် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံသပိတ် ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း(၇၈၀)ရက်မြောက်နေ့ အဖြစ် မေလ၂ ရက် ယနေ့တွင် ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် သတင်းစာဆရာကြီးဦးဝင်းတင်၏အမှာစကားဖြစ်သော “စိတ်ဓာတ်မကျိုး ပဲ့စေနဲ့၊ စုဖွဲ့မှုမကျိုးပဲ့စေနဲ့၊ ကျန်းမာရေးမကျိုးပဲ့စေနဲ့” စာတန်းကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ယင်းမာပင်

#ဆားလင်းကြီး

#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း

#ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly