ပုလောမြို့နယ်တွင် စစ်ကောင်စီက ရိက္ခာသယ်ယူခွင့်ကန့်သက်ထားခြင်းကြောင့် ကျေးရွာများတွင် ရိက္ခာ ပြတ်လပ်နေ

By ကိုရွှေမြိတ် (မဇ္ဈိမ)
02 May 2023
ပုလောမြို့နယ်တွင် စစ်ကောင်စီက ရိက္ခာသယ်ယူခွင့်ကန့်သက်ထားခြင်းကြောင့် ကျေးရွာများတွင် ရိက္ခာ ပြတ်လပ်နေ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များ က ကန့်သတ်ပိတ်ဆို့ရှာဖွေမှုများကြောင့် ကျေးရွာများတွင် ရိက္ခာပြတ်လပ်မှုနှင့်ကြုံနေရကြောင်း ဒေသခံ များထံမှ သိရသည်။

ကန့်သတ်ပိတ်ဆို့ရှာဖွေမှုများကြောင့် ဆန်နှင့်ဆီအပါဝင် အခြေခံစားသောက်ကုန်များကို ကျေးရွာများသို့ သယ်ယူရန် ခက်ခဲလာကြောင်း ဒေသခံများက ပြောဆိုသည်။

ပုလောမြို့ခံတစ်ဦးက “အဓိကတော့ ရိက္ခာတွေကို မြို့ထဲကနေ မြို့ပြင်ကိုသယ်တဲ့အချိန်မှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက ပိုပြီး အစစ်အဆေးကြမ်းလာတာတွေ့ရတယ်”ဟု ပြောသည်။

စစ်ကောင်စီဂိတ်မှ ကန့်သတ်စစ်ဆေးမှုများကြောင့် ရိက္ခာသယ်ယူရာတွင် ရပ်ကွက်နှင့်အုပ်ချုပ်ရေးမှူးတို့ ၏ထောက်ခံချက်ပါမှ ဆန် ၁၀ ပြည်ဝယ်ခွင့်ပြုထားပြီး ပိုမိုသယ်ဆောင်ပါက စစ်ဆေးတွေ့ရှိလျင်အရေး ယူခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် ဆန်၊ ဆီနှင့် ရိက္ခာများ သယ်ယူရန်အတွက် ထောက်ခံစာပြုလုပ်ရန် ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူး တို့ကို ငွေကြေးများလည်းပေးနေရပြီး၊ ဆန်စက်ပိုင်ရှင်များမှာ အကန့်သတ်ဖြင့် ကြိတ်ခွဲရောင်းချပေးနေ ရကြောင်း သိရသည်။

“အခုလိုရိက္ခာဖြတ်တောက်ခံနေရတော့ မိုးရာသီမှာအခက်အခဲတွေအများကြီး ဖြစ်လာနိုင်တယ်”ဟု ပလ ဒေသခံတစ်ဦးက ပြောသည်။

ပုလောမြို့နယ်သည် စစ်ကောင်စီကစစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း

#ပုလောမြို့နယ်

#ရိက္ခာသယ်ယူခွင့်

#ရိက္ခာပြတ်လပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly