တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး၌ ယွမ်ငွေ အသုံးပြုမှု များပြားလာ

တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး၌ ယွမ်ငွေ အသုံးပြုမှု များပြားလာ

တရုတ်နှင့် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာထက် တရုတ် ယွမ်ငွေကြေးအား ပို၍ အသုံးပြုနေကြောင်း ဌာနဆိုင်ရာ သတင်းများအရ သိရသည်။

တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် ငွေပေးချေမှု၏ ၄၈ ဒသမ ၄ ရာခိုင်နှုန်းမှာ ယွမ်ငွေဖြင့် ဖြစ်ပြီး နှစ်နိုင်ငံအနေဖြင့် ယွမ်ငွေကြေးကို အဓိကထားကာ ဒေါ်လာကို ပစ်ပယ်နေကြောင်း အချက်အလက်များက ပြသသည်။

မတ်လအတွင်း တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး၌ ငွေပေးချေရာတွင် အမေရိကန်ဒေါ်လာ ၅၄၉ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိ ယွမ်ငွေကြေးဖြင့် ပေးချေခဲ့ရာ ဖေဖော်ဝါရီ စာရင်းများကထက် တိုးမြင့်ခဲ့သည်။

ဖေဖော်ဝါရီလက တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် ဒေါ်လာ ၄၃၄ ဒသမ ၅ ဘီလီယံတန်ဖိုးနှင့် ညီမျှသော ယွမ်ငွေကြေးကို အသုံးပြုခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏ ပြည်တွင်းသုံးငွေကြေးကို နယ်စပ်ကုန်သွယ်ရေး၌ ပိုမို အသုံးပြုလျက် ရှိသည်။

ကမ္ဘာအဆင့်တွင် ကုန်သွယ်ရေး၌ တရုတ်ယွမ်ငွေကြေး သုံးစွဲမှုမှာ နည်းပါးသောလည်း နှစ်များစွာအတွင်း ပမာဏက များပြားလာလျက် ရှိနေသည်.

ရုရှ-ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်တွင် ရုရှနိုင်ငံသည် ကုန်သွယ်ရေး၌ အမေရိကန်ဒေါ်လာကို ပစ်ပယ်ကာ ဒေသတွင်း ငွေကြေးများကို အစားထိုး အသုံးပြုခဲ့သည်။ လက်ရှိ၌ ရုရှ၊ တရုတ်၊ ဘရာဇီး၊ တောင်အာဖရိကနှင့် နိုင်ငံများစွာသည် ၎င်းတို့၏ ကုန်သွယ်ရေး၌ ဒေါ်လာထက် ဒေသတွင်း ငွေကြေးများကို ပို၍ သုံးစွဲရေးအတွက် စီစဉ်လျက် ရှိသည်။

ကုန်သွယ်ရေးတွင် ရုရှ ရူဘယ်ငွေကြေးထက် တရုတ်ယွမ်ငွေကြေးကို ရုရှနိုင်ငံအနေဖြင့် ပို၍ အသုံးပြုသွားမည်ဖြစ်ကြောင်း မကြာသေးခင်က ရုရှသမ္မတ ဗလာဒီမာ ပူတင်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly