အလုပ်မဖြစ်တဲ့ မူ ၅ ချက်နဲ့ အက်ကြောင်းထင်လာတဲ့ အာဆီယံ (ဆောင်းပါး)

အလုပ်မဖြစ်တဲ့ မူ ၅ ချက်နဲ့ အက်ကြောင်းထင်လာတဲ့ အာဆီယံ (ဆောင်းပါး)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်း ဆောင်အုပ်စုနဲ့ တွေ့ဆုံခဲ့ပြီး အာဆီယံ မူ ၅ ချက်နဲ့ ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အလျင် အမြန်အကောင်အထည်ဖော်ဖို့တိုက်တွန်းခဲ့တယ်လို့ The Eldersအဖွဲ့ကထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်မှာ မြန်မာ့အရေးအရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိုချမှတ်ထားခဲ့တာအခုဆိုရင် ၂ နှစ် ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီ အာဆီယံ အရေးပေါ်အစည်းအဝေးကို အာဏာသိမ်း
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ဘုံသဘောတူညီချက်ကိုလိုက်ပါဆောင်ရွက်ဖို့ ကတိပြုထားခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ၂ နှစ်တာကာလအတွင်း မူ ၅ချက်နဲ့ ပတ် သက်လို့ စစ်ကောင်စီဘက်က ဘာတစ်ခုမှလုပ်ဆောင်ခဲ့တာ မတွေ့ခဲ့ရပါဘူး။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly