တရုတ်နိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့စစ်တုရင်ချန်ပီယံ ဖြစ်လာတဲ့ ဒင်လီရန်

တရုတ်နိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့စစ်တုရင်ချန်ပီယံ ဖြစ်လာတဲ့ ဒင်လီရန်
Photo: AFP

ဒင်လီရန်ဟာ တနင်္ဂနွေနေ့က ကာဇက်စတန်မှာ ရုရှားက အီယန် နီပွန်နီရာချက်ချီကို ပြိုင်ပွဲမှာ ပုံမုန် ၁၄ ပွဲ ကစားပြီးချိန် သရေကျနေတာကြောင့် rapid game ၄ ပွဲထပ်ကစားပြီး နောက်ဆုံးပွဲမှာ အနိုင်ရပြီးနောက် သူဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့စစ်တုရင်ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

နော်ဝေးရဲ့ မဂ်နပ်စ်ကာလ်ဆန်က ကမ္ဘာ့စစ်တုရင်ချန်ပီယံအဖြစ် ၁၀ နှစ်ကြာ လွှမ်းမိုးရာကနေ သူ့ရဲ့ ချန်ပီယံဘွဲ့ကို မကာကွယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့နောက်ဆုံး အသက် ၃၀ နှစ်အရွယ် ဒင်ဟာ ကမ္ဘာ့စစ်တုရင်ချန်ပီယံရှစ်ရဲ့ အနိုင်ရသူတစ်ယောက်အနေနဲ့ လက်လွှဲရယူခဲ့တာပါ။

သူနဲ့ နီပွန်နီရာချက်ချီတို့ဟာ ကာဇတ်မြို့တော် အာဆာတာနာမှာ ကစားခဲ့တဲ့ ပထမအဆင့် ၁၄ ပွဲအပြီးမှာ ခုနစ်မှတ်စီနဲ့ ပြီးဆုံးခဲ့ပါတယ်။

၃ ပွဲစီ အနိုင်ရခဲ့ပြီး ကျန် ၈ ပွဲ သရေကျထားပါတယ်။

ယှဉ်ပြိုင်သူတွေဟာ အာဆာတာနာမှာလည်း အဲဒီပွဲစဉ်ရဲ့ ထိပ်တိုက် အဆုံးအဖြတ်အဆင့်အတွက် သူတို့ရဲ့ အရွေ့ကွက်တွေပြုလုပ်ဖို့ ၂၅ မိနစ်သာ အချိန်ပေးထားခဲ့ပြီး ရွေ့ကွက်တစ်ခုစီအတွက် နောက်ထပ် ၁၀ စက္ကန့်သာ ဖြည့်ခဲ့ပါတယ်။

ဒင်ဟာ အရင် သုံးပွဲ သရေကျအပြီး တနင်္ဂနွေနေ့ရဲ့ ဆက်တိုက် ကစားခဲ့တဲ့ စတုတ္ထမြောက်ပွဲ အနိုင်ရပြီးနောက် အောင်ပွဲခံခဲ့ပါတယ်။

ကစားသမားနှစ်ဦးစလုံးဟာ ပွဲအပြီးမှာ ပြင်းထန်တဲ့ စိတ်ခံစားမှုတွေကို ပြသခဲ့ကြပြီး နီပွန်နီရာချက်ချီဟာ အရှုံးပေးကာ လက်ဆွဲနှုတ်ဆွဲခဲ့ပြီး ခန်းမထဲကနေ မထွက်ခွာခင် ဒင်ကို ထပ်ပြီး လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။

ဒင်ဟာ စိတ်ကို တည်ငြိမ်စေပြီး တည်ငြိမ်မှု ပြန်လည်ရရှိဖို့ ကြိုးစားရင်း ပြိုင်ပွဲအတွက် ဗျူဟာတစ်ခု ချမှတ်ရင်း သူ့မျက်နှာကို လက်တစ်ဖက် ထောက်ကာ စစ်တုရင်ခုံရှေ့မှာ ထိုင်နေခဲ့ပါတယ်။

"ကျနော် အတော်လေး စိတ်သက်သာရာရခဲ့တယ်။"လို့  နိုင်ငံတကာစစ်တုရင်အဖွဲ့ချုပ် FIDE ရဲ့ ပွဲအပြီးမှာ ဖော်ပြတဲ့  မှတ်ချက်တွေထဲမှာ ဒင်က ပြောပါတယ်။

"အီယန်က ပွဲကနေ အရှုံးပေးထွက်လိုက်တဲ့အချိန်က အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။ ကျနော့်ခံစားချက်တွေကို မထိန်းနိုင်ခဲ့ပါဘူး။ ကျနော် ငိုပြီး မျက်ရည်ကျသွားမယ်ဆိုတာ ကျနော့် ကိုယ့်ကိုယ်ကိုယ် သိပါတယ်။ ကျနော့်အတွက် ခက်ခဲတဲ့ ပြိုင်ပွဲတစ်ခုပါ။"

သူဟာ ၁၄ ပွဲ ဂန္တဝင်ပွဲစဉ်စီးရီးတွေ ကစားနေတဲ့အတွင်း သုံးကြိမ်တိုင်တိုင် နောက်ကနေ ပြန်လာဖို့ စိန်ခေါ်မှုဖိအားတွေအောက်မှာတောင် သူ့ကိုယ်ကို တည်ငြိမ်ပြီး အာရုံစိုက်ထားနိုင်ခဲ့ပါတယ်။ နီပွန်နီရာချက်ချီက ပွဲတစ်ပွဲကို အနိုင်ရခဲ့ပြီး အသားစီးရနိုင်သည့်တိုင် ဒင်ဟာ စမတ်ကျကျ ရွေ့ကွက်တွေနဲ့ သူ့ရဲ့ ပြိုင်ဘက်ရဲ့ အမှားတွေကို အခွင့်ကောင်းယူခြင်းဖြင့် နောက်ဆုံးမှာ အနိုင်ရကာ ရမှတ်ကို ယှဉ်နိုင်ခဲ့ပါတယ်။

အမျိုးသားရော အမျိုးသမီးပါ ယှဉ်ပြိုင်နိုင်တဲ့ တရုတ်စစ်တုရင်ကစားသမားတွေ အရင်က ပြိုင်ပွဲမှာ တခါမှ ဆွတ်ခူးအနိုင်ရခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့် တရုတ်နိုင်ငံဟာ ၁၉၉၀ ပြည့်လွန်နှစ်များနောက်ပိုင်း အမျိုးသမီးပြိုင်ပွဲတွေကို လွှမ်းမိုးထားပြီး ဒင်ရဲ့ အောင်ပွဲဟာ ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲမှာ အဓိကကစားသမားတစ်ဦးအဖြစ် နိုင်ငံရဲ့ မြင့်တက်လာမှုကို အချက်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ "စစ်တုရင်မြို့တော်"လို့ လူသိများတဲ့ ဝမ်ဂျိုး (Wenzhou) မှာ မွေးဖွားခဲ့တဲ့ ဒင်ဟာ နိုင်ငံအဆင့်မှာ အသက်အငယ်ဆုံးစစ်တုရင်ချန်ပီယံဖြစ်လာချိန် ၂၀၀၉ မှာ စစ်တုရင်မှာ သူ့ရဲ့ စွမ်းရည်နဲ့ အောင်မြင်မှုအတွက် အာရုံစိုက်ခံမှုနဲ့ အသိအမှတ်ပြုခံရမှုကို ရရှိခဲ့ပါတယ်။

အဲဒီနောက် ကမ္ဘာ့အဆင့်အမြင့်ဆုံး တရုတ်စစ်တုရင်ကစားသမားဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဒုတိယ အမြင့်နေရာကို ရရှိခဲ့ပါတယ်။

တနင်္ဂနွေရဲ့ အပိတ်သတင်းစာရှင်းလင်းပွဲမှာ ဒင်က သူ့သူငယ်ချင်းတွေ၊ အမေတွေနဲ့ အဖိုးတွေကို ဒီနိုင်ပွဲကို သူ သီးခြားရည်ရွယ်လိုတယ်လို့ ပြောပါတယ်။

"ကျနော် လေးနှစ်သားကတည်းက စစ်တုရင်ကို စလေ့လာခဲ့တယ်… ခွဲခြမ်းစိတ်ဖြာပြီး စစ်တုရင်စွမ်းရည်ကို တိုးတက်အောင် နည်းလမ်းမျိုးစုံနဲ့၊ မတူညီတဲ့ ပြောင်းလဲနည်းတွေ၊ လေ့ကျင့်နည်းအသစ်တွေ၊ လေ့ကျင့်မှုအသစ်တွေနဲ့အတူ ၂၆ နှစ်ကြာအောင် ကစားခဲ့ပါတယ်"လို့ သူက ပြောပါတယ်။

"အရာရာကို လုပ်ခဲ့တယ် ကျနော် ထင်ပါတယ်။ ကျနော် စစ်တုရင်ကို စွဲလန်းနေခဲ့တယ်။ တစ်ခါတလေ ပြိုင်ပွဲတွေမရှိရင် တကယ် မပျော်နိုင်ခဲ့လို့ပါ။ တစ်ခါတလေမှ ကျနော့်ကိုယ်တိုင် ပျော်ရွှင်စေဖို့အတွက် တခြားဝါသနာတွေကို ရှာဖွေဖို့ ရုန်းကန်ခဲ့ရတယ်။ ဒီပွဲက ကျနော့်ရဲ့ ဉာဏစွမ်းအင် နက်နဲမှုကို ထင်ဟပ်စေပါတယ်။"

ဆုကြေးငွေ ယူရိုနှစ်သန်း (ဒေါ်လာ ၂.၂ သန်း)ကို ကစားသမားနှစ်ဦးကြား ၅၅-၄၅ ရာခိုင်နှုန်းအချိုးကျ ခွဲဝေပေးမှာဖြစ်ပါတယ်။
Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required