ကယ်လီဖိုးနီးယားတွင် အကြိမ် (၁၀၀) မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ကျင်းပ

By ရွှေနွယ် (မဇ္ဈိမ)
30 April 2023
ကယ်လီဖိုးနီးယားတွင် အကြိမ် (၁၀၀) မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ကျင်းပ

 

 

(မဇ္ဈိမ)။ ။အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် “မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီ(မြောက်ပိုင်းကယ်လီဖိုးနီးယား) Free Burma Action Committee-Northern California” ၏ အကြိမ် (၁၀၀)မြောက် (ရက်သတ္တပတ်ပေါင်း ၁၀၀) စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ နှင့် ပြည်သူလမ်းလျှောက်ချီတက်လှည့်လည်ပွဲကို ဧပြီလ ၂၉ ရက်နေ့က ဆန်ဖရန်စစ္စကိုဘေးဧရိယာ (San Francisco Bay Area) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲသို့ မြန်မာနွယ်ဖွားတိုင်းရင်းသားအင်အားစုများနှင့် ပြည်သူအဖွဲ့အစည်းအသီးသီးမှ တက်ကြွလှုပ် ရှားသူများ စုစုပေါင်းလူဦးရေ ၁၀၀ ကျော်ဝန်းကျင်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း Free Burma Action Committee-Northern California ၏ ကော်မတီဝင်တစ်ဦးမှမဇ္ဈိမကိုပြောသည်။

"Free Burma Action Committee-Northern California ရဲ့ပြည်သူ့ဆန္ဒပြပွဲတွေကို စစ်အာဏာသိမ်းပြီး နောက်တစ်ရက်စလို့ အပတ်စဉ်စနေနေ့တိုင်း ပြုလုပ်လာခဲ့တာ ဒီကနေ့က အကြိမ်(၁၀၀)မြောက်ပါ” ဟု ပြောသည်။

Free Burma Action Committee(FBAC)အနေဖြင့် ပြည်သူ့ဆန္ဒပြပွဲများကို မြန်မာ့မြေပေါ်မှစစ်အာဏာ ရှင်စနစ် အပြီးအပိုင်အဆုံးသတ်ရန်၊ လွတ်လပ်ခြင်း၊ ချစ်ကြည်ခြင်း၊ ညီမျှခြင်းစသည့် ဒီမိုကရေစီအခြေခံ သဘောတရားများနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်မှန်သည့်ဖယ်ဒရယ်စနစ် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်၊ ပြည်တွင်းမှ အသက်သွေးချွေးတို့ဖြင့် နွေဦးတော်လှန်းရေးဆင်နွဲနေသူများ နှင့် တသွေးတည်းတသားတည်းရှိကြောင်းပြသနိုင်ရန်၊ တော်လှန်ရေး၏ ဦးဆောင်ကဏ္ဍမှတာဝန်ယူနေ သော အမျိုးသားညီညွတ်ရေးအစိုးရအား ထောက်ခံလျက်ရှိကြောင်းပြသရန်၊ အထူးသဖြင့် ဖိနှိပ်ညှင်းဆဲ သတ်ဖြတ်ရက်စက်မှုများကြားမှ ယနေ့တိုင် သပိတ်တိုက်ပွဲဆင်နွဲနေကြသော ပြည်တွင်းသပိတ်တိုက်ပွဲ ဝင်သူများကို အပြည့်အဝ အားပေးထောက်ခံ ကြောင်းပြသရန် စသည့်အချက်များစွာ ဦးတည်ချက်ဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း ဦးဆောင်သူများကပြောသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်အာဏာရှင်ဆန့်ကျင်ရေး

#ဆန္ဒပြပွဲ

#Free_Burma_Action_Committee(FBAC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly