မင်းတပ်မြို့နယ်အတွင်း ငှက်ပစ်အမဲလိုက်ခြင်း ၃ လ တားမြစ်

By KMN (မဇ္ဈိမ)
30 April 2023
မင်းတပ်မြို့နယ်အတွင်း ငှက်ပစ်အမဲလိုက်ခြင်း ၃ လ တားမြစ်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ငှက်များအသိုက်‌ဆောက်ချိန်၊ သားပေါက်ချိန်ကာလဖြစ် သည့် မေလမှဇူလိူင်လအထိ ငှက်ပစ်အမဲလိုက်ခြင်းကို သုံးလတားမြစ်ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့မှ ဧပြီလ၂၉ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားသည်။

“ငှက်ပစ်တာဟာ ရိုးရာအသက်ရှင်နေထိုင်မှုတစ်ခုဖြစ်ပြီး မိသားစုတချို့ရဲ့ စားဝတ်နေရေးဖြစ်နေပါတယ်။ တားမြစ်ကာလကျော်သွားရင် ငှက်ပစ်အမဲပြန်လိုက်လို့ရတဲ့သဘောပါ။ အထူးသဖြင့် အခုလိုကာလမှာ စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်ဗျူဟာကြားမှာ ပြည်သူတွေဟာ အာဏာမသိမ်းခင်ကထက် တောင်ယာ တွေပိုခုတ်လာ၊ အမဲပိုလိုက်လာရတာတွေရှိပါတယ်။ ဒေသခံတွေရဲ့ စားဝတ်နေရေးဖြေရှင်းရတာကို လုံးဝ တားမြစ်လိုက်တာမျိုး မဟုတ်ဘူး” ဟု မင်းတပ်မြို့၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က မဇ္ဈိမ ကိုပြောကြားသည်။

မင်းတပ်မြို့နယ်သည် ရှားပါးလိပ်ပြာမျိုးစိတ်များ၊ ကျေးဌက်များ၊ သစ်ခွမျိုးစိတ်များရှိနေပြီး သဘာဝ တော ရိုင်းတိရစ္ဆာန်ပေါင်းစုံ ကျက်စားရာဒေသတစ်ခုဖြစ်သည့်အတွက် လေသေနတ်များ၊ ပွိုင့်တူးတူးသေနတ် များ၊ လောက်လေးဂွများဖြင့် ငှက်ပစ်အမဲလိုက်ခြင်းကို သုံးလတားမြစ်ခြင်းဖြစ်ကြောင်း မင်းတပ်မြို့ ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

မင်းတပ်မြို့နယ်ရှိငှက်များသည် ရှားပါးမျိုးစိတ်တွင်ပါဝင်ပြီး အဖိုးတန်အမွေအနှစ်ဖြစ်သောကြောင့် ဝိုင်း ဝန်းထိမ်းသိမ်းရန်လိုအပ်ကာ တော်လှန်ရေးအောင်မြင်ပြီးအနာဂတ်ကာလတွင် ဒေသခံပြည်သူများ အတွက် ခရီးသွားကဏ္ဍမှဝင်ငွေရရှိစေနိုင်ခြင်းကြောင့် တားမြစ်ချက်ကို အလေးထားရန်လိုအပ်ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်

#မင်းတပ်မြို့နယ်

#အမဲလိုက်

#ငှက်ပစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly