ထောက်ပို့တော်လှန်သင်္ကြန် ရန်ပုံငွေဈေးရောင်းပွဲတော် နယူးယောက်မြို့တွင် ကျင်းပ၊ ရန်ပုံငွေ ကန်ဒေါ်လာ ၃၀,၀၀၀ ကျော်ရရှိ

ထောက်ပို့တော်လှန်သင်္ကြန် ရန်ပုံငွေဈေးရောင်းပွဲတော် နယူးယောက်မြို့တွင် ကျင်းပ၊ ရန်ပုံငွေ ကန်ဒေါ်လာ ၃၀,၀၀၀ ကျော်ရရှိ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်တွင် ထောက်ပို့ တော်လှန် သင်္ကြန်ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ဧပြီလ ၂၉ ရက် နံနက် ၁၁နာရီမှ ညနေ ၃နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

အဆိုပါပွဲတွင် NYCBC အဖွဲ့၏ အထူးအစီအစဉ်အဖြစ် တော်လှန်သင်္ကြန် သံချပ်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

ယင်းအပြင် မြန်မာပြည်မှ ပန်းချီအနုပညာရှင် ရေးဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီရေဆေးကားနှင့် အဆိုတော် ကျော်သီဟ ရေးဆွဲသော ဒေါ်အောင်ဆန်းစုကြည် ခဲခြစ်ပုံတူပန်းချီ တို့ကို ရန်ပုံငွေအဖြစ် လေလံတင်ရောင်းချခဲ့ကြသည်။

ထို့နောက် We must win ticket ကံစမ်းမဲဖွင့်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး

သရုပ်ဆောင် အနုပညာရှင် ဒေါင်း ကိုယ်တိုင် ရေးဆွဲထားသော ပန်ချီလက်ရာပါ သော ချည်ထည်အိပ် collecions များကို လေလံတင်ရောင်းချခဲ့ကြသည်။

အဆိုပါဈေးရောင်းပွဲတော်ကို မြန်မာတိုင်းရင်းသား အများအပြားတက်ရောက် အားပေးခဲ့ကြပြီး မြန်မာ့လက်ဆောင်အမျိုးမျိုးနှင့် မြန်မာအစားအစာ စုံလင်စွာ ရောင်းချခဲ့သည်။

အဆိုပါပွဲမှ တော်လှန်ရေးရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၀,၀၀၀ ကျော် ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

စာတည်း။ ။ နောင်နောင်

#ထောက်ပို့တော်လှန်သင်္ကြန်

#ရန်ပုံငွေဈေးရောင်းပွဲတော်

#Mizzimatv

Photo - KyawSoe Latt , Moe War War Moe

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly