ကျည် ၅,၀၀၀ ဖြည့်တင်းရေး ကမ်ပိန်းတွင်ပါဝင်ရန် CDF – Kanpetlet ဖိတ်ခေါ်

By ပါခွီး (မဇ္ဈိမ)
28 April 2023
ကျည် ၅,၀၀၀ ဖြည့်တင်းရေး ကမ်ပိန်းတွင်ပါဝင်ရန် CDF – Kanpetlet ဖိတ်ခေါ်

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet အတွက် ကျည် ၅,၀၀၀ ဖြည့်တင်းရေးအတွက် ပါဝင်ကြရန် ကန်ပက်လက်မြိုနယ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဌာ Fundraising Team မှ ဖိတ်ခေါ်ထားသည်။

“ကျည် ၅,၀၀၀ ဖြည့်တင်းရေး တော်လှန်သူကင်မရာ ကမ်ပိန်းတွင် ပါဝင်ပေး” ဟူသော ခေါင်းစဉ်ဖြင့် မြေပြင်တွင်တိုက်ပွဲဝင်နေသည့် ရဲဘော်များအတွက် မရှိမဖြစ်လိုအပ်နေသော ကျည်ဆန်ဖြည့်တင်းရေးအတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း ဆိုသည်။

ကမ်ပိန်းကို ဧပြီလ ၂၅ရက်မှ မေလ ၃၁ရက်နေ့အထိသတ်မှတ်ပြီး မဲတစ်စောင်လျှင် ၁၀,၀၀၀ ကျပ် (တစ်သောင်း) ဖြင့် အစောင်ရေ ၅,၀၀၀ ရောင်းချပြီး ကျပ် ၅၀,၀၀၀,၀၀၀ (သိန်းငါးရာ) ရှာဖွေပံ့ပိုးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ဆုမဲများအနေဖြင့် ပထမဆုအဖြစ် ပုန်ကန်သူ ကင်မရာ ကာလတန်ကြေး ၄,၀၀၀,၀၀၀ကျပ် ( သိန်းလေးဆယ်) Sony HXR-NX100 Full HD NXCAM Camcorder (ငွေသားထုတ်ယူလိုပါက ဆယ့်ငါးသိန်း) ၊ ဒုတိယဆုအဖြစ် New Aibo CBR 150 R (ငွေသားဖြင့် ဆယ့်နှစ်သိန်း) ၊ တတိယဆု နွားနောက်တစ်ကောင် (ငွေသားဖြင့် ရှစ်သိန်း) အသီးသီး ပြန်လည်တုံ့ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

“မြို့ပေါ်စစ်မျက်နှာအပြင် ရှေ့တန်းစစ်မျက်နှာတွေမှာ ကျည်ဖြည့်တင်းဖို့ အရေးပေါ် လိုအပ်နေပါတယ် ။ စစ်ရေးအရှိန်မြှင့်တင်ဖို့ ကျည် ၅,၀၀၀ ကမ်ပိန်းမှာ ပါဝင်ပေးကြဘို့ တိုက်တွန်းနိုးဆော်လိုပါတယ်” ဟု CDF – Kanpetlet တပ်မဟာမှူးက ပြောဆိုသည်။

ဆုမဲလက်မှတ်များကို မြန်မာပြည်တွင်းသာမက ထိုင်း ၊ စင်္ကာပူ ၊ အမေရိကန် ၊ ဂျပန် ၊ ဩစတြေးလျ ၊ ကိုးရီးယား ၊ မလေးရှား ၊ အင်္ဂလန် စသော နိုင်ငံများအလိုက် သတ်မှတ်သော ဈေးနှုန်းများဖြင့် ပါဝင်ကူညီနိုင်ကြောင်းသိရသည်။

ဧပြီလ ၂၆ရက်နေ့က ကန်ပက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိစစ်တပ်ကို နံနက် ၉ နာရီမှ မိနစ် ၃၀အကြာ CDF – Kanpetlet မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကန်ပက်လက်မြို့နယ်

#စစ်ကောင်စီတပ်

#ချင်းကာကွယ်ရေးတပ်ဖွဲ့

#ဆုမဲများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly