ဝယ်လိုအား မြင့်တက်ပြီး ဈေးကွက်အဝင် လျော့နည်း၍ ဆန်ဈေး ထိုးတက်

ဝယ်လိုအား မြင့်တက်ပြီး ဈေးကွက်အဝင် လျော့နည်း၍ ဆန်ဈေး ထိုးတက်

ပြည်တွင်း၌ ဧပြီလ နှောင်းပိုင်းက ဆန်ဈေး ထိုးတက်ကြောင်း ဌာနေမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ပို့ကုန်နှင့် ပြည်တွင်း ဈေးကွက်နှစ်ရပ်စလုံးတွင် ဝယ်လိုအား မြင့်တက်နေပြီး ဆန်ဈေးကွက်အဝင်က ပုံမှန်ထက် လျော့နည်းခြင်းကြောင့် ယခုကဲ့သို့ ဈေး ထိုးတက်ရသည်ဟု ဆန်ကုန်သည်များက မှတ်ချက်ချသည်။

လျှပ်စစ်မီး ပြတ်တောက်ခြင်းများကြောင့် ဆန်ကြိတ်ခွဲမှု အပြည့်အဝ လည်ပတ်ဆောင်ရွက်နိုင်ခြင်း နည်းပါးခြင်းကြောင့် ပြည်တွင်းဈေးကွက်သို့ ဆန်အဝင် နည်းပါးရခြင်းပဲ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စစ်အာဏာသိမ်းအုပ်စု စစ်ကောင်စီသည် နိုင်ငံခြားငွေ ပိုမို ရရှိရေးအတွက် ဆန်တင်ပို့မှုကို တိုးမြှင့်လုပ်ဆောင်နေပြီး ၂၀၂၁-၂၂ ဘဏ္ဍာနှစ်က ဆန်တန်ချိန် ၂ ဒသမ ၁ သန်း တင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိခဲ့သည်။

ဈေးနှုန်း ထိုးတက်နေသော်လည်း စစ်ကောင်စီသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်၌ ဆန်တန်ချိန် ၂ ဒသမ ၂ သန်း တင်ပို့ပြီး ဒေါ်လာ ၈၅၃ သန်း ရရှိရေးအတွက် စီစဉ်ထားကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly