ဖွံ့ဖြိုးရေးအတွက် လှူဒါန်းထားသော သင်္ဘောများကိုစစ်ရေးတွင် အသုံးမပြုရန် မြန်မာစစ်တပ်ကို ဂျပန်အစိုးရ တောင်းဆို

ဖွံ့ဖြိုးရေးအတွက် လှူဒါန်းထားသော သင်္ဘောများကိုစစ်ရေးတွင် အသုံးမပြုရန် မြန်မာစစ်တပ်ကို ဂျပန်အစိုးရ တောင်းဆို

မြန်မာပြည်သူတွေအတွက် လှူဒါန်းထားတဲ့ သင်္ဘောတွေကို စစ်ရေးအတွက် အသုံးမပြုဖို့ ဂျပန်အစိုးရက မြန်မာစစ်တပ်ကို တောင်းဆိုထားတယ်လို့ ဂျပန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဂျပန်အစိုးရက ၂၀၁၇ခုနှစ်မှ ၂၀၁၉ခုနှစ်အတွင်း မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု အစီအစဉ်ဖြင့် သင်္ဘောသုံးစင်းကို ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အထူးဖွံ့ဖြိုးရေးကူညီထောက်ပံ့မှုအစီအစဉ်ဖြင့်ပေးအပ်ထားတဲ့  သင်္ဘောများကို စစ်ကောင်စီက စစ်ရေးဆိုင်ရာကိစ္စရပ်များအတွက် အသုံးပြုခဲ့တာကြောင့် ဂျပန်အစိုးရက တရားဝင်ကန့်ကွက်ခဲ့ကြောင်းကိုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တရားဝင်ဖွံ့ဖြိုးမှုအထောက်အပံ့အစီအစဉ်(ODA)ကို စစ်ဘက်နဲ့ မသက်ဆိုင်သောကိစ္စရပ်များအတွက် အသုံးပြုရန် (စစ်ရေးဆိုင်ရာတွင်)ထပ်မံအသုံးမပြုရန် မြန်မာစစ်ကောင်စီကို ဂျပန်အစိုးရက တောင်းဆိုထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိများက ပြောပါတယ်။

အခုလိုလှူဒါန်းထားတဲ့ သင်္ဘောတွေကို စစ်ဘက်ဆိုင်ရာအတွက် အသုံးပြုနေကြောင်း ပြီးခဲ့တဲ့ ၂၀၂၂နှစ်မှာ သတင်းများထွက်ပေါ်ခဲ့ပြီး သင်္ဘောသုံးစီးအနက် နှစ်စီးကို ရခိုင်ပြည်နယ်မှာ စစ်သားများနဲ့ လက်နက်များ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags