စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ဆီကို အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ မုံရွာဘက်ကမ်းကနေ စက်လှေနဲ့ကူးပြီး ဧပြီ ၂၅ ရက်နေ့မှာ ရောက်လာခဲ့ပါတယ်။
အဲဒီစစ်ကြောင်းဟာ ဧပြီ ၂၅ ရက်နေ့မှာတော့ ရွှေလှေကျေးရွာတောင်ဘက် တံတားနားမှာ မြိုင်မြို့နယ်ကနေ မုံရွာကိုသွားနေတဲ့ ခရီးသွားသည့်ပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်သတ် ခဲ့ပါတယ်။
ဒီကနေ့ ဧပြီ ၂၇ ရက်၊ မနက်ပိုင်းအထိဆိုရင် စစ်ကောင်စီတပ်စစ်ကြောင်းက အကြောင်းမဲ့သတ်ဖြတ်ခဲ့တဲ့ ပြည်သူ ကိုးဦးအထိရှိသွားပြီလို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ကပြောပါတယ်။
တင်ဆက်၊ တည်းဖြတ် - KMN
စာတည်း ။ ။ Alden