ထိုင်းဘက်မှ ပြန်ပို့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများတွင် COVID-19 တွေ့ရှိ

ထိုင်းဘက်မှ ပြန်ပို့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများတွင် COVID-19 တွေ့ရှိ

ထိုင်းနိုင်ငံဘက်က ပြန်ပို့လာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၁ ဦးတွင် ကိုးဦး၌ COVID-19 စစ်ဆေးတွေ့ရှိကြောင်း မြန်မာနယ်စပ်မြို့ ကော့သောင်းမှ လူမှုရေးအဖွဲ့အစည်းများအရ သိရသည်။

ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းမှတစ်ဆင့် ကရာဘူရီမြစ်ကို ဖြတ်ကာ ကော့သောင်းသို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပြန်လည်ပို့ဆောင်လာခြင်းပဲ ဖြစ်သည်။

“နိုင်ငံဆီ နေရပ်ပြန်လာတဲ့ သူတွေကြားမှာ ကိုးဦးမှာ COVID-19 စစ်ဆေးတွေ့ရှိပါတယ်”ဟု ကော့သောင်းကြက်ခြေနီအသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ကူးစက်ခံရသူများကို ကြက်ခြေနီအဖွဲ့က ကော့သောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ယခု ပြန်ပို့သူများတွင် ၁၂၆ ဦးသည် အမျိုးသားများဖြစ်ပြီး ၄၅ ဦးမှာ အမျိုးသမီးများ ဖြစ်ကြသည်။

၂၀၂၃ အစမှစကာ ရနောင်းအကျဉ်းထောင်တွင် ထိန်းသိမ်းထားသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၇၃ ဦး ရှိပြီး အုပ်စုသုံးစုခွဲကာ ကော့သောင်းသို့ ပြန်လည်ပို့ဆောင်လျက် ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly