စစ်ကောင်စီရဲ့ အထီးကျန် သံတမန်ရေးမျက်နှာစာ (ဆောင်းပါး)

စစ်ကောင်စီရဲ့ အထီးကျန် သံတမန်ရေးမျက်နှာစာ (ဆောင်းပါး)

ရွာလုံးကျွတ်မီးရှို့ခံရမှုတွေ ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စိတ်မချမ်းမြေ့ဖွယ်ကိစ္စတွေဖြစ်နေချိန်မှာ မစ္စတာဘန်ကီမွန်းရဲ့ ဧပြီ ၂၃ နဲ့ ၂၄ ရက်နေ့ လျှပ်တစ်ပျက် မြန်မာနိုင်ငံခရီးစဉ်ဟာလူအများ စိတ်ဝင်စားဖွယ် သတင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။

ဘန်ကီမွန်းဟာ မြန်မာနိုင်ငံနဲ့ စိမ်းနေတဲ့သူ တစ်ယောက်တော့ မဟုတ်ပါဘူး ။

သူဟာကုလသမဂ္ဂအတွင်းရေး မှူးချုပ်ဟောင်းဖြစ်သလို The Elders လို့ခေါ်တဲ့ကမ္ဘာ့ထင်ရှားပုဂ္ဂိုလ်ကြီးများအဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ် ပါတယ်။

လက်ရှိ ဥက္ကဋ္ဌဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်မင်းကြီးဟောင်း မေရီရော်ဘင်ဆန်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဘန်ကီမွန်း ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး၊ တရားမျှတ မှုနဲ့လူ့အခွင့်အရေးအတွက် အဓိက ဦးတည်လုပ်ဆောင်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required