မြန်မာ့အရေးကို စာရွက်ပေါ်မှာပဲ စိတ်ပူနေတဲ့ ကုလနဲ့အာဆီယံ

မြန်မာ့အရေးကို စာရွက်ပေါ်မှာပဲ စိတ်ပူနေတဲ့ ကုလနဲ့အာဆီယံ

၂၀၂၃ ခုနှစ် ၄ လတာကာလအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ကျော် လုပ်ခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတိုက်ခိုက်မှုတွေကိုပါ ပိုမိုကျူးလွန်လာတာတွေ့ရပါတယ်။ 

အာဏာ သိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်ထိ စစ်ကောင်စီကျူးလွန်ထားတဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက လည်း အကြိမ် ၆၀ ကျော်လောက်ရှိနေခဲ့တာပါ။ 

အဲဒီထဲမှာ ထင်ရှားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကတော့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၂ ယောက်သေဆုံးခဲ့တဲ့ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်မှု၊ လူပေါင်း ၈၀ ကျော်သေဆုံးခဲ့တဲ့ အနန့်ပါကျေးရွာတိုက်ခိုက်မှု၊ အသက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၁၀ ယောက်သေဆုံးခဲ့တဲ့ ထန်တလန်မြို့နယ်က ခွာဖိုကျေးရွာတိုက်ခိုက်မှုနဲ့ လူပေါင်း ၁၆၀ ကျော်သေဆုံးခဲ့တဲ့ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required