ပင်လယ်ထဲ မျောလာသည့် မြန်မာနိုင်ငံသားကို ဗီယက်နမ် တံငါသည်များ ကယ်တင်

By Vietnam News
26 April 2023
ပင်လယ်ထဲ မျောလာသည့် မြန်မာနိုင်ငံသားကို ဗီယက်နမ် တံငါသည်များ ကယ်တင်

 

ဗီယက်နမ်နိုင်ငံတွင် ပင်လယ်ထဲ မျောလာပြီး ဌာနေတံငါသည်များက ကယ်တင်ခဲ့ရသည့် မြန်မာနိုင်ငံသားကို လက်ခံရရှိကြောင်း တောင်ပိုင်း ဘန်တရီပြည်နယ်မှ ကူယာဒိုင် နယ်ခြားစောင့်တပ်က အင်္ဂါနေ့တွင် ပြောသည်။

တံငါစက်လှေမှ ကပ္ပတိန် ထရန်မင်က စက်လှေသည် ပင်လယ်ထဲ ခုတ်မောင်းနေချိန်၌ လှေပေါ်မှ တံငါသည်များက အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ထို အမျိုးသားကို စက်လှေပေါ်သို့ ခေါ်တင်ခဲ့ပြီး ကမ်းခြေသို့ ခုတ်မောင်းခဲ့ကာ ကူယာဒိုင် နယ်ခြားစောင့်တပ်စခန်းဆီ သတင်းပို့ခဲ့ခြင်း ဖြစ်သည်။

သတင်းကို လက်ခံရရှိပြီးနောက် နယ်ခြားစောင့်တပ်သည် အဆိုပါ နိုင်ငံခြားသားအား ကျန်းမာရေးစစ်ဆေးရန်နှင့် ကုသလရန်အတွက် စစ်ဆေးဝန်ထမ်းများကို စေလွှတ်ခဲ့သည်။ ထို အမျိုးသားက ၎င်းသည် မြန်မာနိုင်ငံသားဖြစ်ကြောင်း ပြောသည်။

၎င်း၏ ကျန်းမာရေးသည် လက်ရှိ၌ ကောင်းမွန်နေပြီ ဖြစ်သည်။

ယခု ဖြစ်စဉ်အပေါ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားရေးအတွက် နယ်ခြားစောင့်စခန်းက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly