EAO တွေနဲ့ နွေဦးတော်လှန်ရေးခရီး

EAO တွေနဲ့ နွေဦးတော်လှန်ရေးခရီး

 

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက် ရက္ခိုင့်တပ်တော်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် နိုင်ငံတစ်ဝန်းက တော်လှန်ရေးအဖွဲ့အစည်းတွေ အထိမ်းအမှတ်သဝဏ်လွှာတွေပေးပို့ခဲ့ကြတာတွေ့ရပါတယ်။ အဲဒီသဝဏ်လွှာ တွေထဲမှာ တစ်ညီတစ်ညွတ်တည်းတွေ့ခဲ့ရတာကတော့ အာဏာရှင်စနစ်တော်လှန်ရေးအတွက် AA နဲ့အတူ တိုက်ပွဲဝင်သွားမယ့်အကြောင်းနဲ့ တိုက်ပွဲဝင်ဖို့ တိုက်တွန်းချက်တွေပဲဖြစ်ပါတယ်။ NUG ရဲ့သဝဏ်လွှာမှာတော့ အချက် ၅ ချက်နဲ့ဖော်ပြသွားခဲ့တာတွေ့ရပါတယ်။ အဓိကအနေနဲ့ ရက္ခိုင်ပြည်သူထူထုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝရရှိရေးအတွက် ရက္ခိုင့်တပ်တော်ကို ဖွဲ့စည်း တည်ထောင်ပြီး တော်လှန်တိုက်ပွဲဝင်လာခဲ့တာ (၁၄) နှစ်တိုင်တိုင်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ရက္ခိုင်ပြည်သူလူထုနဲ့ ထပ်တူထပ်မျှ ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ဒီကနေ့ တိုင်းပြည်တစ်ဝန်း လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်ရာမှာ ရက္ခိုင့်တပ်တော်ဟာ အဖိနှိပ်ခံ ပြည်သူလူထု နဲ့တကွ အတူရပ်တည်ပြီး ဘုံရန်သူကို ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေတဲ့အပြင် တော်လှန်ရေးအင်အားစုတွေ ကို လက်တွဲကူညီပံ့ပိုးပေးနေကြောင်း၊ အခုအချိန်အခါမှာ ဘုံရန်သူ စစ်ကောင်စီကို အပြီးသတ်ချေမှုန်းနိုင်ဖို့ မိမိတို့ အားလုံးအတူတကွ စုစည်းညီညွတ်စွာနဲ့ ရုန်းကန်ဖောက်ထွက် ကြိုးစားကြရမှာဖြစ်ကြောင်း ဖော်ပြထားခဲ့တာဖြစ် ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly