ဘန်ကီမွန်းက စစ်ခေါင်းဆောင်ကိုလာ ရောက် တွေ့ဆုံမှုမှာ နိုင်ငံတကာ ဇာတ်ခုံတွင် လူမိုက္ကို ပွဲထုတ်နေသည်ဟု ထင်မြင်ကြောင်း NUG ယာယီသမ္မတပြော

ဘန်ကီမွန်းက စစ်ခေါင်းဆောင်ကိုလာ ရောက် တွေ့ဆုံမှုမှာ နိုင်ငံတကာ ဇာတ်ခုံတွင် လူမိုက္ကို ပွဲထုတ်နေသည်ဟု ထင်မြင်ကြောင်း NUG ယာယီသမ္မတပြော

ဘန်ကီမွန်းက စစ်ခေါင်းဆောင်ကိုလာ ရောက် တွေ့ဆုံမှုမှာ နိုင်ငံတကာ ဇာတ်ခုံတွင် လူမိုက္ကို ပွဲထုတ်နေသည်ဟု ထင်မြင်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။

" ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းနဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ မူအားဖြင့် ကန့်ကွက် ရှုတ်ချသင့်တယ်လို့ မြင်ပါတယ်။ အကြောင်းကတော့ ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်ကို လက်လွတ်စပယ် သတ်ဖြတ်ညှင်းဆဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာ ဇာတ္ခုံမွာ လူမိုက္ကို ပွဲထုတ်နေ တယ္လို့ ယူဆပါတယ်။ ဒါဟာ ကျင့်ဝတ်အားဖြင့် မလျော်ကန်တဲ့ ကိစ္စလို့လည်း ယူဆပါတယ်" ဟု ယာယီသမ္မတကြီးက ပြောသည်။

နိုင်ငံတကာအစုအဖွဲ့များမှာ စစ်ကောင်စီကို ယဉ်ကျေးအောင် ချော့မြူသည့် ပုံစံတွင်ရှိကြောင်း၊ ယင်းသို့အပြုအမူကို စစ်အစိုးရအဆက်ဆက်တွင်လုပ်ဆောင်ခဲ့သဖြင့် စစ်အာဏာရှင်မှာ သက်ဆိုးရှည်နေခြင်းဟု ယာယီသမ္မတကြီးက သုံးသပ်သည်။

" ကျွန်တော့်အနေနဲ့ နိုင်ငံတကာရဲ့ ကြားဝင် ဖြန်ဖြေမှုတွေကို အပြုသဘောဆောင်တယ်လို့ ယူဆပေမယ့် စစ်အာဏာရှင် စနစ္ကို သက်ဆိုးရှည်အောင်လုပ်နေတဲ့ အပြုအမူတွေကိုတော့ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ပြောလိုပါတယ်" ဟု သမ္မတကြီး ဒူဝါလရှီးလက ပြောသည်။

NUG အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတကာစာမျက်နှာတွင် စစ်ကောင်စီတိုးမဝင်နိုင်အောင် သံခင်းတမန်ခင်းစွမ်းရည်များကို အသုံးချရမည်ဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးမှာ နိုင်ငံတကာအ ရေးအခင်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ၎က ဆက်ပြောသည်။

" နွေဦးတော်လှန်ရေးရဲ့ တော်လှန်ရေး ဒီရေ အတက်အကျဟာ ပြည်တွင်းက လူထုနဲ့ တိုက်ရိုက် သက်ဆိုင် နေသလို၊ နိုင်ငံတကာ နိုင်ငံရေး အလှည့်အပြောင်းတွေနဲ့လည်း သက်ဆိုင်နေတယ်ဆိုတာ ပြောချင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးရဲ့ မျက်နှာစာပေါင်းစုံကို လှည့်ပြီး ကြည့်နိုင်မှ ခရီးတွင်နိုင်မယ်ဆိုတာ ကျွန်တော်တို့အားလုံးအသိပင်ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှာ ကမ်ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ နွေဦးတော်လှန်ရေးအပေါ် အမြင် သေဘာထားက ဘယ်သို့ဘယ်ပုံရှိတယ်ဆိုတာကို အမြဲတမ်း အကဲခတ်နေရမှာ ဖြစ်ပါတယ်။ ပြည်တွင်းက အင်အားစုတွေ ကလည်း အရေးကြီးသလို ဒေသတွင်းနိုင်ငံကြီးတွေရဲ့ အမြင် သဘောထားကလည်း အင်မတန် အရေးပါပါတယ်" ဟု ယာယီသမ္မတကြီးက ပြောသည်။

ယနေ့ပြုလုပ်သည့်အစိုးရအဖွဲ့ အစည်းအဝေးတွင် အေမရိကန္က ထောက်ပံ့မည့် အကူအညီများနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဆောင်ရွက်မည့်အခြေအနေ များနှင့်ပတ်သက်ပြီး ဆွေး နွေးမည်ဖြစ် ကြောင်း၊ ကမ်ဘာ့အင်အားကြီး နိုင်ငံများက နွေဦးတော်လှန်ရေးအပေါ် မည်သို့သဘောထားများရှိ သည်ကို အမြဲတမ်းအကဲခတ်နေရမည်ဟု သမ္မတကြီးက သတိပေး သည်။

" နိုင်ငံတကာရဲ့ အေထြေထြေသာ အထောက်အပံ့တွေထဲမှာ နိုင်ငံရေးအားဖြင့် အကျိုးကျေးဇူးရှိအောင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ် ဒီမိုကရေစီနဲ့ လူထုလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်တဲ့ လူထုတော်လှန်ရေးဖြစ်ကြောင်း ကမ်ဘာ့နိုင်ငံ  အသီးသီးကို သိစေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ လူထုဘက်တော်သားတွေ ဖြစ်ပြီး လူထုတရားမျှတမှု အတွက် ဦးဆောင်ကြိုးပမ်းနေသူတွေ ဖြစ်ကြောင်း နိုင်ငံအသီးသီးက ခေါင်းဆောင် တွေကို ကြားသိစေဖို့ လိုအပ်ပါတယ်။ တန်းတူညီမျှရေး၊ ဒီမိုကရေစီရေး၊ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုတွေအတွက် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေ မ်ားမ်ား ရရှိအောင် ကျွန်တော်တို့ဘက်က ကြိုးစားလုပ်ဆောင်ဖို့ လိုအပ်ပါ တယ်။ ဒါကို အခြေခံမူအဖြစ် သဘောထားပြီး နိုင်ငံတကာ နိုင်ငံတွေနဲ့ မိတ်ဖက်ညီရေးအတွက် ကြိုးစားလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်" ဟု ၎င်းကဆက်ပြောသည်။

The Elders အဖွဲ့၏ ဒုတိယဥက္ကဌဖြစ်ပြီး ကုလအတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာဘန်ကီမွန်းမှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ပြီးခဲ့သည့် ရက်ပိုင်းက လာရောက်ခဲ့သည်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခွင့်ရမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly