ဧဝရတ်တောင်တက်ဖို့ နီပေါက တောင်တက်သမား ၄၅၄ ဦး စံချိန်တင် ခွင့်ပြု

ဧဝရတ်တောင်တက်ဖို့ နီပေါက တောင်တက်သမား ၄၅၄ ဦး စံချိန်တင် ခွင့်ပြု
Photo: Courtesy of Pioneer Adventure

နီပေါနိုင်ငံဟာ ယခုနွေဦးပေါက်ရာသီမှာ ဧဝရတ်တောင်ကို တက်ဖို့ စံချိန်တင် ၄၅၄ ယောက် ပါမစ်ထုတ်ပေးခဲ့ကြောင်း တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က EFE ကို ပြောကြားခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံးတောင်ထွတ်မှာ ပြည့်နှက်ပိတ်ဆို့နေမှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ၄၅၄ ယောက် စံချိန်တင် တောင်တက်ခွင့်ပါမစ်ထုတ်ပေးထားပါတယ်"လို့ နီပေါရဲ့ ခရီးသွားလုပ်ငန်းဌာနညွှန်ကြားရေးမှူး ယူဘာဂျချ် ခါတီဝါဒါက EFE ကို ပြောကြားခဲ့ပြီး စုစုပေါင်း အယောက် ၅၀၀ အထိရောက်ရှိနိုင်ကြောင်း ထည့်သွင်းပြောဆိုသွားပါတယ်။

ကိုရိုနာဗိုင်းရပ်ပိုးကပ်ရောဂါဖြစ်ပွားနေပေမယ့်လည်း အရေအတွက်တိုးလာတဲ့ တောင်တက်သမားတွေဟာ ဧဝရက်တောင်ထိပ်ကို တက်ဖို့ ကြိုးပမ်းနေပြီး နီပေါဟာ ၂၀၂၁ ခုနှစ်မှာ ၄၀၉ ယောက်ကို ပါပစ်ထုတ်ပေးခဲ့ပါတယ်။

ဘေဂျင်းဟာ ကပ်ရောဂါကြောင့် နယ်စပ်ကန့်သတ်ချက်တွေကို ရုတ်သိမ်းပြီး တရုတ်နိုင်ငံဘက်ခြမ်းမှ ဧဝရတ်တောင်ကို မတက်ခင် တောင်တက်သမားတွေ မီတာ ၈၀၀၀ ကျော်အထိ တောင်တက်ဖို့ လိုအပ်တဲ့ စည်းမျဉ်းသစ်တစ်ရပ် ချမှတ်ခဲ့ပြီးနောက် ဒီနှစ်မှာ တရုတ်တောင်တက်သမား ၉၆ ယောက်လောက်ဟာ နိုင်ငံသားအလိုက် အကြီးဆုံးအဖွဲ့အနေနဲ့ အထွတ်အထိပ်ကို ရောက်ချင်ကြပါတယ်။

“ဒီစည်းမျဉ်းကြောင့် နီပေါမှာ တရုတ်တောင်တက်သူဦးရေ တိုးလာတယ်”လို့ တောင်တက်ကျွမ်းကျင်သူ အန်းရှာရင်းရှာပါက EFE ကို ပြောခဲ့ပါတယ်။

တောင်တက်သမားတွေဟာ တောက်တက်ဖို့ စံနှုန်းအတိုင်း လိုက်လျောညီထွေရှိလို့ တောင်တက်လမ်းညွှန်တွေ ဒါမှမဟုတ် အထမ်းသမားတွေ (Sherpas) ဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၇,၉၀၀ က Camp 4 အထိ လမ်းကြောင်းဖွင့်ထားကြောင်း  နီပေါလေ့လာရေးခရီးသည်များအသင်းဥက္ကဋ္ဌ ဒမ်ဘား ပါရာဂျူလီက ပြောခဲ့ပါတယ်။

"တောင်တက်တာကို မေလရဲ့ ပထမပတ်မှာ စတင်ဖို့ ကျနော် တို့ မျှော်လင့်ထားပါတယ်"လို့ ပါရာဂျူလီက ပြောပါတယ်။

တောင်တက်သူတွေ စံချိန်တင်ဝင်ရောက်လာစဉ် တောင်တက်ဖို့ ကြိုးပမ်းသူ ရာနဲ့ချီပြီး ပိတ်ဆို့မှုကို စိုးရိမ်လာပေမယ့်လည်း ဧဝရတ်တောင်တက်ခွင့်တစ်ခုတည်းအတွက် တရားဝင်ငွေစာရင်းဟာ အမေရိကန်ဒေါ်လာ ၄.၈ သန်း ရရှိထားပြီးဖြစ်တဲ့ နီပေါအတွက် ဝင်ငွေပိုမိုရရှိစေမှာလည်းဖြစ်ပါတယ်။

နိုင်ငံခြားသားတစ်ဦးချင်းစီဟာ ပါမစ်တစ်ခုကို ဒေါ်လာ ၁၁,၀၀၀ ခန့်အပြင် ပစ္စည်းကိရိယာတွေနဲ့ တောင်တက်အဖော်တွေအတွက် ဒေါ်လာ ၄၀၀၀၀ မှ ၉၀၀၀၀ ကြား ကုန်ကျစရိတ်တွေ ပေးဆောင်ရပါတယ်။

(EFE)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly