ရိခေါ်ဒါရ်မြို့သို့ ရိက္ခာဆင်းဝယ်သော စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရ

By ပါခွီး (မဇ္ဈိမ)
23 April 2023
ရိခေါ်ဒါရ်မြို့သို့ ရိက္ခာဆင်းဝယ်သော စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့သို့ ရိက္ခာဆင်းဝယ်ပြီးပြန်လာသည့် စစ်ကောင်စီ တပ်သားများကို အဝေးထိန်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Mountain Eagle Defence Force (MEDF) တပ်ဖွဲ့ထံမှ သိရသည်။

ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်တွင် အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တောင်ပေါ်ရှိတပ်ကုန်းမှ မြို့အတွင်းသို့ ရိက္ခာဆင်းဝယ်ပြီးအပြန် နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် အဝေးထိန်းဖြင့် မိုင်းငါးလုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

“မနက်အစောမှာ ရိက္ခာဝယ်ဖို့ ဆင်းလာတာကို ကျနော်တို့က အဝေးထိန်းနဲ့ မိုင်းဆင်ပြီးစောင့်နေတာ စခန်းနဲ့ပေ ၁၅၀ လောက်အကွာ မိုင်းထောင်ထားခဲ့ပြီး သူတို့စခန်းအဝင်မှာ ခွဲခဲ့တာဖြစ်ပါတယ်” ဟု MEDF တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

တပ်စခန်းနှင့်နီးသည့်အတွက် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု အခြေ အနေ အသေးစိတ်ကိုမသိရသေးဘဲ စုံစမ်းဆဲဖြစ်ကြောင်း ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပြီး ရိဒ်ခေါ်ဒါရ် အမှတ်(၁)တပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

သို့သော် MEDF တပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း MEDF တာဝန်ရှိသူကဆို သည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ရိက္ခာဝယ်ပြီးအပြန်တွင် ရပ်ကွက်အတွင်းမှကားတစ်စီးကို ချောဆွဲပြီး ပစ္စည်း များတင်ဆောင်စေခဲ့ကြောင်းလည်း သိရသည်။

ရိဒ်ခေါ်ဒါရ် အမှတ်(၂)စခန်းတွင် စစ်ကောင်စီတပ်သား ၄၀ ကျော်တပ်စွဲထားပြီး တပ်ဝန်းပြင်ပသို့ လှုပ်ရှား မှုမရှိဘဲ တစ်လ တကြိမ် ၊ နှစ်ကြိမ်ခန့်သာ မြို့အတွင်းသို့ဆင်း၍ ရိက္ခာဝယ်လေ့ရှိကြောင်း သိရှိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်

#ရိခေါ်ဒါရ်မြို့

#စစ်ကောင်စီတပ်

#မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly