တော်လှန်အီးဒ်အခမ်းအနားကို မြန်မာမွတ်ဆလင်တော်လှန်ရေးအင်အားစု (MMRF) ဦးဆောင်ကျင်းပ

By မောင်ခက်နွေ(မဇ္ဈိမ)
23 April 2023
တော်လှန်အီးဒ်အခမ်းအနားကို မြန်မာမွတ်ဆလင်တော်လှန်ရေးအင်အားစု (MMRF) ဦးဆောင်ကျင်းပ

“တော်လှန်အီးဒ်” အခမ်းအနားကို ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် မြန်မာမွတ်ဆလင် တော်လှန်ရေးအင်အားစု(MMRF)ကဦးဆောင်ကာ အွန်လိုင်းမှကျင်းပခဲ့ကြောင်း မြန်မာမွတ်ဆလင် တော် လှန်ရေးအင်အားစုအဖွဲ့ဝင် ရေးရာတာဝန်ခံ ဗဟိုကော်မတီအဖွဲ့ဝင် မရိုသင်းသင်းလှိုင်ထံမှ သိရသည်။

“အမှန်ဆို ပွဲတော်ကို မြေပြင်မှာလွတ်လွတ်လပ်လပ်လုပ်ရမှာ။ တော်လှန်ရေးမှာပါဝင်နေတဲ့ ရဲဘော် ရဲဘက်တွေဖြစ်တဲ့ ကျမတို့က အွန်လိုင်းကနေပြီး သွေးချင်းနီးတဲ့အကြောင်း သတင်းစကားပါးတာပါ။ အနာဂတ်ဖက်ဒရယ်ကိုသွားဖို့အတွက် ဒီတော်လှန်ရေးကိုဆင်နွှဲနေတယ်။ မဟာမိတ်တွေအနေ နဲ့ ဘယ်လိုတွေ ပံ့ပိုးကူညီသွားလို့ရမလဲဆိုတာလေးတွေကို တစ်ယောက်ကိုတစ်ယောက် ပြောလို့ရအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပွဲကိုစီစဉ်ဖြစ်သွားတာ” ဟု မရိုသင်းသင်းလှိုင်က ပြောသည်။

အဆိုအ်အခမ်းအနားသို့ ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ Yangon Drone ၊ Democratic Youth Council (Myanmar) ၊ Yangon Revolution Force (YRF) ၊ AJAY ၊ Blood Money Campaign (BMC) ၊ GSCN ၊ GSCB ၊ UCSYSU ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ Minority Affair Institute (MAI) နှင့် ဒေါက်တာတေဇာဆန်းတို့ တက်ရောက်ခဲ့ကာ အမှတ်တရဆုတောင်းစကားများ ပြောကြားကြပြီး ဆုတောင်းသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

မြန်မာမွတ်ဆလင်တော်လှန်ရေးအင်အားစု(MMRF)သည် ၂၀၂၂ ခုနှစ် မေလကစတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့ စည်းဖြစ်ပြီး တော်လှန်ရေးကာလအလွန် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တွင် လူနည်းစုအခွင့်အရေး (Minority Rights)များရရှိရန်၊ တန်းတူညီမျှမှုနှင့် နိုင်ငံသားအခွင့်အရေးများအပြည့်အဝရရှိရန် ပြုလုပ်နေ သည့်အပြင် တော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးသတ်ပပျောက်သွားစေ ရန် အခြားသောတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းပြီး ကဏ္ဍအသီးသီးမှ တော်လှန်တိုက်ပွဲဝင်နေ သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#အီးဒ်နေ့

#တော်လှန်အီးဒ်

#မြန်မာမွတ်စလင်မ်တော်လှန်ရေးအင်အားစု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly