တော်လှန်သင်္ကြန်ထီမှရရှိသည့် ရန်ပုံငွေများကို ချင်းပြည်နယ်အတွင်းမှ ဗုံးကြဲခံရသူများအတွက် ကူညီ

By ပါခွီး (မဇ္ဈိမ)
23 April 2023
တော်လှန်သင်္ကြန်ထီမှရရှိသည့် ရန်ပုံငွေများကို ချင်းပြည်နယ်အတွင်းမှ ဗုံးကြဲခံရသူများအတွက် ကူညီ

ချင်းပြည်နယ်မှ ကာကွယ်ရေးတပ်ဖွဲ့များ၊ စစ်ဘေးရှောင်များနှင့် ကျန်းမာရေး၊ ပညာရေးအတွက် ရန်ပုံငွေအဖြစ်ဖွင့်လှစ်နေသောတူမီးထီမှ အထူးအစီအစဉ်အဖြစ် တော်လှန်သင်္ကြန်ထီဖွင့်လှစ်ခဲ့ပြီး ရရှိလာ သောရန်ပုံငွေများကို ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခြင်းခံရသူများ၏ ကျန်း မာရေးအတွက် ကူညီခဲ့ကြောင်း သိရသည်။

တော်လှန်သင်္ကြန်ထီကို တစ်စောင်လျှင် နှစ်ဒေါ်လာနှုန်းဖြင့်ရောင်းချခဲ့ပြီး စုစုပေါင်း ၃၁၁ စောင် ရောင်းချ နိုင်ခဲ့ကာ ဒေါ်လာ ၆၂၂ ရရှိခဲ့ပြီး ဆုငွေ ၂၀၅ ဒေါ်လာ ပြန်လည်ချီးမြှင့်ခဲ့ကြောင်း ဆိုသည်။

ကျန် ၄၁၇ ဒေါ်လာအနက်မှ စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ထန်တလန်မြို့နယ် ခွာဖိုကျေးရွာသို့ အိန္ဒိယရူပီး ၁၈,၀၀၀ နှင့် ဖလမ်းမြို့နယ် ဝေဘူလမြို့အတွက် ၅၅၀,၀၀၀ ကျပ်ကို ဒဏ်ရာ ရသူများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်သင်္ကြန်ထီတွင် ပထမဆုနှင့်ဒုတိယဆုကို မြန်မာနိုင်ငံအတွင်းမှ ၁၅၅ ဒေါ်လာနှင့် ဒေါ်လာ ၃၀ ဆွတ်ခူးခဲ့ပြီး တတိယဆုကို အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၂၀ ရရှိသွားကြောင်းတူမီးထီမှ ကြေညာသည်။

တူမီးထီကို အပတ်စဉ်(၁၂)အတွက် တစ်စောင်လျှင်ငါးဒေါ်လာဖြင့်ရောင်းချလျက်ရှိကာ ပထမဆု ဒေါ်လာ ၈၀၀ ချီးမြှင့်မည်ဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့တွင် ကံထူးရှင်ရွေးချယ်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

အပတ်စဉ်(၁၂)မှရရှိလာမည့်ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet သို့ အကူအညီပေးသွားမည်ဖြစ်ကြောင်း တူမီးထီမှ အသိပေးထားသည်။

ယခင်က တူမီးထီကံစမ်းလိုပါက အကောင့်ဖွင့်ရန်လိုအပ်သော်လည်း ယခုအခါ နည်းပညာများပြင်ဆင်ပြီး ဖြစ်၍ တူမီးထီလူမှုကွန်ရက်မှ ဆက်သွယ်ပြီးပါဝင်နိုင်ကြောင်း သိရသည်။

တူမီးထီအပတ်စဉ်(၁၁)မှ ရရှိလာသော ရန်ပုံငွေ ရူပီး ၆၈,၅၀၀ ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) CDF – Thantlang သို့ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်

#တူမီးထီ

#တော်လှန်သင်္ကြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly