ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ပြိုင်ဘက်အီတလီလက်ဝှေ့မယ်ကို ရောမမြေပေါ်တွင် အနိုင်ယူ

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ပြိုင်ဘက်အီတလီလက်ဝှေ့မယ်ကို ရောမမြေပေါ်တွင် အနိုင်ယူ

ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် ပြိုင်ဘက် အီတလီလက်ဝှေ့မယ် Ester Viola ကို အီတလီနိုင်ငံ၊ ရောမမြို့တွင် ဧပြီလ ၂၂ ရက်နေ့ညက ကျင်းပသည့် ထိုင်းရိုးရာလက်ဝှေ့ ‌(မွေထိုင်း) ထိုးသတ်ပွဲတွင် အနိုင်ရရှိခဲ့သည်။

ရောမမြို့တွင် ဧပြီလ ၂၂ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀မိနစ်က ကျင်းပခဲ့သည့်မွေထိုင်း ထိုးသတ်ပွဲ သုံးချီအပြီးတွင် ဘရော်နီကာက အီတလီလက်ဝှေ့မယ်ကို အသာစီးထိုးနိုင်ခဲ့သည့် ဒိုင်လူကြီး၏ အမှတ်ပေးစနစ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

Thai Fight က စီစဉ်ကျင်းပခဲ့သော ယခုပွဲသည် ဘရော်နီကာအတွက် နိုင်ငံတကာတွင် ပထမဦးဆုံး ထိုးသတ်ခဲ့ရသော လက်ဝှေ့ပွဲတစ်ခုဖြစ်ပြီး ကြိုတင်လေ့ကျင့်မှုများပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ရကြောင်း သိရသည်။

"ဆေးစစ်ဝိတ်ချိန် အဆင်ပြေသွားပါပြီရှင့်။ ညနေကျရင်ထိုးသတ်ရပါတော့မယ်" ဟု ဘရော်နီကာက ပြိုင်ပွဲမစတင်မီ ဧပြီလ ၂၂ ရက် ညနေပိုင်းတွင် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် အီတလီလက်ဝှေ့မယ် Ester Viola ကို အနိုင်ယူပြီးနောက် မွေထိုင်း ၁၁ ပွဲမြောက် ဆက်တိုက်အနိုင်ရထားသော ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နေသည်ဟု သိရသည်။

၎င်းသည် မြန်မာ့ရိုးရာလက်ဝှေ့တွင်လည်း ရွှေတံဆိပ်ဆုကို ပထမဆုံး ခွတ်ခူးရရှိထားသော အမျိုးသမီး လက်ဝှေ့မယ်တစ်ဦး ဖြစ်သည်။

စာတည်း - မောင်ကြီး

#mizzima

#ကယန်းလက်ဝှေ့မယ်ဘရော်နီကာ

#ပြိုင်ဘက်အီတလီလက်ဝှေ့မယ်

#ရောမမြို့

#ထိုးသတ်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly