KNU တပ်မဟာ ၃ နယ်မြေရှိ စစ်ကောင်စီစခန်းလေးခုကို တပြိုင်တည်းဝင်တိုက်၊ ဒုတပ်ရင်းမှုးအပါအဝင် ၁၆ ဦးသေ

KNU တပ်မဟာ ၃ နယ်မြေရှိ စစ်ကောင်စီစခန်းလေးခုကို တပြိုင်တည်းဝင်တိုက်၊ ဒုတပ်ရင်းမှုးအပါအဝင် ၁၆ ဦးသေ

KNU တပ်မဟာ (၃)နယ်မြေရှိ စစ်ကောင်စီစခန်းလေးခုကို တပြိုင်တည်းဝင်တိုက်၊ ဒုတပ်ရင်းမှုးအပါအဝင် ၁၆ ဦးသေဆုံး ကြောင်း KNU က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်ချေမှုန်း ဖျက်ဆီးခံရသည့် တပ်စခန်းလေးခုမွာ ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းနှင့် ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်းတို့ဖြစ်ပြီး KNLA တပ်မဟာ (၃)တပ်ပေါင်းစုကဧပြီ ၂၂ ရက် နံနက် ၄ နာရီခြဲမွ ၅ နာရီခွဲအတွင်း တပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စခန်းလေးခုအနက် လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့်် ကျွန်းကုန်းစခန်းကို တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနိုင်ပြီး လက်နက်များ သိမ်းဆည်းရမိသော်လည်း မူးမြို့နယ်ရှိ နောင်ကုန်းစခန်းနှင့် ရန်မျိုးအောင် စခန်းကို တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနိုင်ခြင်းမရှိ ကြောင်း၊ ယင်းစခန်းနှစ်ခုရှိ စစ်ကောင်စီတပ်သားများမှာ စခန်းအတွင်းမရှိဘဲ အပြင်ဘက်တွင် ပုန်းနေကြသည်ဟု KNU က ဆိုသည်။

စခန်းများကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးရာတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ၁၆ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူများထဲတွင် ဒုတပ်ရင်းမှူး တစ်ဦးပါဝင်သည်ဟု KNU က အတည်ပြုသည်။

တိုက်ပွဲများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃) တပ်ပေါင်းစုဘက်မှ တစ်ဦး ကျဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ခိုက်ချေမှုန်းဖျက်စီးခံရသည့် စစ်ကောင်စီတပ်များမှာ နယ်မြေခံတပ်များဖြစ်သော ခလရ-၆၀၊ ခမရ-၃၅၁အပြင် နောက်ထပ်အင်အားထမ်မံ ဖြည့်တင်းလာသည့် တပ်များဖြစ်သော တပ္မ-၇၇နှင့် ခမရ-၅၉၈တို့ ဖြစ်ကြောင်း KNU ဗဟိုက ဆိုသည်။

တပ်မဟာ ၃ တပ်ပေါင်းစု စခန်းများကို သိမ်းပိုက်ဖျက်စီးပြီး ပြန်လည်ထွက်ခွာသွားသည့် အချိန်မှသာ စစ်ကောင်စီလေတပ်က လာရောက်ဗုံးကြဲခဲ့သည်။

လယ်ဒိုမြို့နယ်ရှိ ညောင်တန်း၊ ညောင်ကုန်းနှင့် နရွဲပင်ကျေးရွာကြားသို့ နံနက် ၇ နာရီ မိနစ် ၄၀ မွ ၇ နာရီ မိနစ် ၅၀ ထိ ဟယ်လီကော်ပတာဖြင့် လေးကြိမ် လာရောက်ဗုံးကျဲခဲ့ ကြောင်း၊ ယင်း နောက် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၈ နာရီ ၅မိနစ်တွင် အော်လီဂန်းဖြင့် တစ်ဖန်ထပ်မံပစ်ခတ်ခဲ့ ကြောင်း၊ ၈ နာရီ ၁၀ မိနစ်တွင် နောက်ထပ်ဗုံး နှစ်လုံးကြဲခဲ့ကာ အော်လီဂန်းဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး ၈ နာရီ ၅၀မိနစ်တွင် နောင်ကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြားမှ ကားလမ်းမပေါ်တွင် တရစပ် ထပ်မံ ပစ်ခတ်ခဲ့ ကြောင်း KNU က အသေးစိတ် ထုတ်ပြန်သည်။

စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်ရှိ ဒေသခံများထွက်ပြေးတိမ်းရှောင် ရပြီး အ ရေအတွက်ကို အတည်မပြုနိုင်သေး ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly